Saturday, September 23, 2017
ဗောဓိပင်တံမြက်စည်းလှည်းရခြင်းအကျိုး
တပေါင်းနွေနဲ့အတူ လေပြင်းတချက်တချက်တိုက်ခတ်နေသည်။ လေအဝေ့တွင် လေနှင့်အတူမျောလွင့်လာသော သစ်ရွက်သစ်ခတ် ဖုန်မှုန့်များသည် ကြီးမားသောညောင်ပင်ကြီးနှင့်တွေ့ဆုံသည့်အခါ ကြောက်ရွံ့သည့်အလား မြေသို့ဝပ်တွားကြလေသည်။ ထိုသစ်ပင်သစ်ရိပ်အောက်တွင် ဆွမ်းခံသပိတ်ကိုယ်စီဖြင့် ရဟန်းတော်နှစ်ပါး ခေတ္တခဏအရိပ်ခိုနေကြလေ၏။ ထိုညောင်ပင်ကြီးသည် အရိပ်အာဝါသကောင်းပြီး ရွာနှင့်တောအရပ်သို့သွားရာ ကြားအရပ်တွင်တည်ရှိ၍ ဆိတ်ကျောင်းသားများ ဆွမ်းခံသွားရာရဟန်းတော်များအတွက် အကောင်းဆုံးနားခိုရာ ဇရပ်တစ်ဆောင်နှင့်လည်းတူလှပါပေသည်။
ထိုစဉ်အခါ ရွာထိပ်ဘက်မှ ဆိတ်ကျောင်းသားသည်ဆိတ်အုပ်ကိုမောင်းရင်း ညောင်ပင်ရှိရာအရပ်သို့ တရွေ့ရွေ့လာနေသည်။ ဆိတ်အုပ်ကြီး၏ခပ်လှမ်းလှမ်းတွင် ရဟန်းတစ်ပါးသည် တည်ငြိမ်သောဣနြေ္ဒဖြင့်လိုက်ပါလာလေ၏။ ဆိတ်ကျောင်းသားသည် ဆိတ်အုပ်ကြီးကို ညောင်ပင်နားမရောက်မှီတောင်အရပ်သို့သွားရာလမ်းခွဲဘက်သို့ ဆက်လက်မောင်းထွက်သွားသည်။ နောက်ကလိုက်ပါလာသော ဆွမ်းခံရဟန်းတော်သည်သာ ညောင်ပင်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာ၏။ ထိုရဟန်းညောင်ပင်အောက်သို့ရောက်သောအခါ ထူးဆန်းစွာလေတချက်ဝေ့တိုက်လာပြီး ညောင်ပင်အောက်တွင်တည်ရှိသော အမှိုက်သရိုက်များညောင်သီးများကို တစ်စုံတစ်ဦးလှဲကျင်းလိုက်သည့်အလား ရှင်းလင်းသွားလေသည်။
ရဟန်းတော်သည် ပါလာသည့်သပိတ်ကို မြေကမူအမြင့်ပေါ်တွင်တင်လိုက်ပြီး သင်္ကန်းကိုပြင်ဆင်၍ ရှေ့ကရောက်နှင့်နေတော့ ရဟန်းတော်နှစ်ပါးကိုဂါရ၀ပြုလေသည်။ ဂါရ၀ပြုပြီးနောက် ရှေ့ကရောက်နှင့်နေသော ရဟန်းနှစ်ပါး၏မနီးမဝေးတွင် ထိုင်လေသည်။
ရှေ့တွင်ရောက်နှင့်နေသောရဟန်းနှစ်ပါးမှ အသက်ပိုကြီးဟန်တူသော ရဟန်းသည် နောက်မှရောက်လာသောရဟန်းအား
``င့ါရှင် ဆွမ်းကွမ်းပြည့်စုံရဲ့လား´´
``ပြည့်စုံပါတယ်အရှင်ဘုရား၊ အရှင်ဘုရားတို့ကော ပြည့်စုံပါရဲ့လား´´
``ပြည့်စုံပါတယ် င့ါရှင်၊ ငါ့ရှင်ရဲ့ဘွဲ့အမည် မည်သို့ခေါ်သနည်း´´
``တပည့်တော်၏ဘွဲ့အမည်မှာ ဗောဓိသမ္မဇ္ဇကမထေရ်လို့ခေါ်သလို တချို့ကျတော့လဲ သကိံသမ္မဇ္ဇကမထေရ်လို့ခေါ်ကြပါသည် အရှင်ဘုရား´´
``ဗောဓိသမ္မဇ္ဇကမထေရ်ဆိုတော့ ဗောဓိပင်မှာတံမြက်လှည်းတဲ့မထေရ်လို့အမည်ရတာပေါ့၊ သကိံသမ္မဇ္ဇကမထေရ်ကျတော့ တကြိမ်မျှတံမြက်လှည်းခဲ့တဲ့မထေရ်လို့အမည်ရတယ်။ အဘယ်ကြောင့်ထိုဘွဲ့အမည်တွင်ခဲ့ပါသလဲင့ါရှင်´´
``ဘုရားတပည့်တော်ဟာ ဤဘဒ္ဒကမ္ဘာမှလွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာထက်တွင်ပွင့်တော်မူသော ၀ိပဿီမြတ်စွာဘုရားလက်ထက်အခါက တပည့်တော်သည်ဝိပဿီမြတ်စွာဘုရားပွင့်တော်မူရာ သခွပ်ဗောဓိပင်သို့ရောက်ရှိခဲ့ပါတယ်။ ထိုသခွပ်ဗောဓိပင်သို့ရောက်ရှိသောအခါ ၀ိပဿီမြတ်စွာဘုရားထိုဗောဓိပင်အောက်၌ပွင့်တော်မူခဲ့ပုံကို အာရုံပြု၍ကြည်နူးခြင်း ၀မ်းမြောက်ခြင်းတွေဖြစ်ခဲ့ပါတယ်။ တပည့်တော်ဟာ ညောင်ပင်အောက်တွင်ပွနေသော သစ်ရွက်အမှိုက်များကိုလှဲကျင်းပြီး သန့်ရှင်းရေးပြုလုပ်ပြီးသည့်နောက်မှာ ဗောဓိပင်ကိုတဖန်ပြန်လည်၍ ရှိခိုးကန်တော့ပါတယ်။ ကြည်နူးလွန်းအားကြီးပြီး ဗောဓိပင်မှထွက်ခွါချိန်တွင်လည်း လက်အုပ်ချီ၍ နောက်ပြန်ဆုတ်ပြီးထွက်ခွါပါတယ်။ ထိုသို့လက်နောက်ပြန်ဆုတ်ရှိခိုးကန်တော့ပြီးပြန်ထွက်သည့်အချိန်တွင် တပည့်တော်၏ကျောဘက်တွင်ရောက်ရှိနေသော စပါးကြီးမြွေကြီး တပည့်တော်အားရစ်ခွေခြင်းကိုခံရပါတယ်။ တပည့်တော်လည်း ရှောင်ချိန်မရလိုက်ပဲ ၀ိပဿီမြတ်စွာဘုရားနှင့်သခွတ်ဗောဓိပင်အား ရှိခိုးကန်တော့၍စပါးကြီးမြွေကြီး၏အစာအဖြစ်စားသုံးခံရပြီး လူ့ဘ၀မှကွယ်လွန်ခဲ့ပါတယ်။ ထိုဘ၀မှကွယ်လွန်ပြီး နတ်ပြည်နတ်လောကတွင် နတ်စည်းစိမ်များခံစားရပါတယ်။ တပည့်တော်ရဲ့သခွတ်ဗောဓိပင်မှာ တံမြက်စည်းလှည်းခဲ့တဲ့အကျိုးကြောင့် တပည့်တော်ဖြတ်သန်းခဲ့တဲ့ သံသရာတစ်လျှောက်လုံးမှာစိတ်နောက်ကျူခြင်း၊ သောကဖြစ်ခြင်းမရှိပဲ စိတ်ထားအမြဲဖြူစင်ခဲ့ရတယ်။ နူနာ၊ အိုင်းအမာနာ၊ ပွေးကြီးနာ၊ ၀က်ရှုးနာ၊ ၀ဲနာ၊ ပွေးနာတွေလည်း တခါမှကို မဖြစ်ပေါ်ခဲ့ရတာဟာလည်း ဗောဓိပင်တံမြက်စည်းလှည်းတဲ့အကျိုးတွေပါပဲ အရှင်ဘုရား။ ဈာန်သမာဓိအလုပ်များလုပ်ဖို့ကိုလဲအမြဲအမှတ်ရတယ်။ နောက်ပြီးတော့လဲ ဈာန်သမာဓိတရားတွေရလွယ်တယ်။ အမျက်ထွက်ဖို့အာရုံများကိုတွေ့ခဲ့သော်လည်း အမျက်မထွက်၊ တွေဝေစရာအာရုံများတွေ့ဆုံခဲ့ရသော်လည်း တွေဝေခြင်းမရှိ၊ ကိုးဆယ့်တစ်ကမ္ဘာလုံး အပါယ်လေးပါးငရဲစသည်ကို ရောက်ခဲ့ဖူးခြင်းလည်း မရှိခဲ့ပါဘုရား။ ဒါတွေဟာ တံမြက်လှည်းခြင်းရဲ့အကျိုးကျေးဇူးတွေဖြစ်ပါတယ် အရှင်ဘုရား။´´
``ငါ့ရှင်ဟာ ထိုကဲ့သို့ ကိုးဆယ့်တစ်ကမ္ဘာထက်ကိုပြန်မြင်နိုင်ရတာ ဘာကြောင့်ပါလဲ အရှင်ဘုရား´´
``ဘုရားတပည့်တော်ဟာ ကိုးဆယ့်တစ်ကမ္ဘာပတ်လုံးသုဂတိဘ၀ကိုကျင်လည်ခဲ့ရပြီးနောက် ယခုဂေါတမမြတ်စွာဘုရားလက်ထက်တွင် လူအဖြစ်ကိုရောက်ရပြီး မြတ်စွာဘုရား၏တပည့်သားသံဃာတော်အဖြစ်ရောက်ရှိခဲ့ပါတယ်ဘုရား။ ထို့ပြင်ဘုရားတပည့်တော်သည် မြတ်စွာဘုရားလမ်းညွှန်သည့်အတိုင်းအားထုတ်ခဲ့သောကြောင့် ၀ိဇ္ဇာသုံးပါးကိုရရှိပြီး အာသ၀တရားလည်းကင်းစင်ပါပြီဘုရား။ လေးပါးသောပဋိသမ္ဘိဒါ၊ ရှစ်ပါးသောဝိမောက္ခတရား၊ ခြောက်ပါးသောအဘိညာဉ်တို့ဖြင့်ပြည့်စုံပါပြီအရှင်ဘုရား။ မြတ်စွာဘုရား၏အဆုံးအမတော်ကိုလိုက်နာကျင့်သုံးပြီး အဘိညာဉ်တရားတို့ဖြင့်ပြည့်စုံသောကြောင့် လွန်ခဲ့သောကိုးဆယ့်တစ်ကမ္ဘာအထက်ကို ပြန်လည်၍ သိမြင်ရခြင်းဖြစ်ပါတယ် အရှင်ဘုရား၊´´
``သာဓု သာဓု သာဓုပါ ငါ့ရှင်၊ ကဲဆွမ်းနောက်ကျနေရော့မယ် ကြွကြရအောင်အရှင်ဘုရားတို့´´
ကိုးကား။ ။ သကိံသမ္မဇ္ဇကထေရ၀တ္ထု၊ သကိံသမ္မဇ္ဇက၀ဂ်၊ ထေရာအပါဒါန်ပါဠိတော်မြန်မာပြန်။
အညတြဘိက္ခု
Tuesday, September 19, 2017
ကြံတစ်ဆစ်၏သံသရာ
ဝေဠုဝန်ကျောင်းတိုက် ရာဇဂြိုလ်။
ဝေဠုဝန်ကျောင်းတိုက်ကို ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရား ဒုတိယဝါတွင် ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ် ပေသည်။ ဝေဠုဝန်ဆိုသည်မှာ (ဝေဠု-ဝန။ ဝေဠု=၀ါး။ ဝန= တော) ဝါတောဟု အဓိပ္ပါယ်ရပေသည်။ ဝါးတောကြီး၏အလယ်တွင် ဗိမ္ဗိသာရမင်းကြီးလှူဒါန်းထားသော ကျောင်းဆောင်တည်ရှိပြီး ဘေးပတ်လည်ဝါးတောများအောက်တွ င် တစ်ပါးနေကျောင်းဆောင်များ အစီအရီဆောက်လုပ်ထားသည်။
မနက်ခင်းပိုင်းတွင် ကျောင်းတိုက်ကြီးသည်တိတ်ဆိတ်ငြိမ်သက်လျက်ရှိပါပေ၏။ ကျောင်းတိုက်တွင်းရှိသံဃာတော်များသည် ဆွမ်းအလို့ငှါ ရွာထဲသို့လှည့်လည်နေကြလေသည် ။ နေမြင့်လာသောအခါ ဝါရုံတောအတွင်း ထိုးကျလာသော နေရောင်ခြည်တို့သည် တဖြည်းဖြည်းမြင့်တက်လာပြီးေ နာက် ရွာအတွင်းဆွမ်းခံကြွနေသောသံ ဃာများသည်လည်း ကျောင်းတိုက်အတွင်းသို့ တဖြည်းဖြည်းဝင်ရောက်လာကြပြီ ။ ရဟန်းတော်များသည် ကျောင်းတိုက်အတွင်းပြန်ရောက်လာကြပြီးလျှင် ခြေလက်သန့်စင်ခြင်းအမှုကိုပြုကြပြီး ကျောင်းတိုက်အလယ်တွင်ငြိမ်သ က်စွာထိုင်နေတော်မူသော မြတ်စွာဘုရားကို သွားရောက်ရှိခိုးဦးချကြလေ၏ ။ သံဃာများစုံသလောက်ရှိလာသော် လည်း ရဟန်းတစ်ပါးသည် နောက်ကျလျက်ရှိသည်။ ထိုရဟန်းတော်မှာ လက်ဝဲတော်ရံရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ဖြစ်ပေသည်။
စောစောကလှုပ်ရှားနေသော ဝေဠုဝန်ကျောင်းတိုက်သည် သံဃာတော်များမြတ်စွာဘုရား၏ေ ဘးပတ်လည်တွင် စုံလင်စွာဝိုင်းရံမိသည့်နော က်ပြန်လည်၍တိတ်ဆိတ်ငြိမ်သက် သွားလေတော့သည်။ ထိုအချိန်တွင် ဝေဠုဝန်ကျောင်းတိုက်အဝင်ဝမှ တဖြည်းဖြည်းရွေ့လျားလာသောမြ င်ကွင်းနှစ်ခုကြောင့် သံဃာတော်များသည်လည်း တီးတိုးအသံများ ထွက်ပေါ်လာပါသည်။ မြင်ကွင်းတခုမှာ တည်ငြိမ်သောဣနြေ္ဒဖြင့်တရွေ့ ရွေ့လျှောက်လှမ်းလာသော ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ် ဖြစ်ပြီး
အခြားမြင်ကွင်းတစ်ခုမှာ ထိုအရှင်နှင့်အတူ ဘေးမှတရွေ့ရွေ့ကပ်ပါလာသော
ကြီးမားသည့် ကြံစည်းကြီးဖြစ်ပေ၏။ ကြံစည်းကြီးမြေပေါ်ရှပ်တိုက် သောကြောင့် တရှပ်ရှပ်မည်သောအသံနှင့်အတူ ထိုအရှင်၏နောက်ထံပါးမှ ဖုန်မှုန့်များသည်လည်း လိုက်ပါလာလျက်ရှိသည်။ ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ် နှင့်ကြံစည်းကြီး တဖြည်းဖြည်းဖြင့် မြတ်စွာဘုရားနှင့်သံဃာတော်များအထံသို့နီးကပ်လာသောအခါ သံဃာများထံမှ အံ့သြလွန်းသည့်အတွက် အသံများထွက်ပေါ်လာသည်။ ကြံစည်းကြီးသက်သက် ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ် နှင့်အတူလိုက်ပါလာခြင်းမျိုးမဟုတ်ပဲ ထိုကြံစည်းကြီးကို အလွန်ပိန်လှီ၍ ရုပ်ရည်အဆင်းဆိုးဝါးလှစွာသော ပြိတ္တာတစ်ကောင်က ထမ်းပိုးပြီးလာခဲ့သောကြောင့်ဖြစ်၏။ ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ် သည် မြတ်စွာဘုရားထံမှောက်ရောက်ရှိသောအခါ သပိတ်ကိုအောက်သို့ချလိုက်ပြီး သင်္ကန်းကိုပြင်ဆင်၍ မြတ်စွာဘုရားကိုရှိခိုးဦးချလိုက်သည်။ ပြိတ္တာကြီးသည်လည်း ရှင်မောဂ္ဂလာန်ပြုမူသည်ကိုကြ ည့်ရှု့နေပြီး တခဏ ထမ်းပိုးလာသော ကြံစည်းကြီးကိုအောက်သို့ချလိုက်၍ ရှင်မောဂ္ဂလာန်နည်းတူ မြတ်စွာဘုရားအားရှိခိုးဦးချလေသည်။
မြတ်စွာဘုရားသည် ရှင်မောဂ္ဂလာန်အား `` ဘယ်သို့သောအခြင်းအရာများ တွေ့ကြုံခဲ့ပါသနည်း ငါ့ရှင်မောဂ္ဂလာန်´´
``ဘုရားတပည့်တော်သည် ရာဇဂြိုလ်မှဆွမ်းခံကြွပြီးအ ပြန်တွင် လမ်းတွင်ကြီးမားကျယ်ပြန့်လှ သော ကြံတောကြီးတွေ့ပါသည်။ ထိုကြံတောကြီးနှင့်အတူ ယခုကြံများကိုထမ်းပိုးလာသော ပြိတ္တာကြီးကိုလည်း တွေ့ရပါသည်။ ထိုပြိတ္တာကြီးသည်တပည့်တော်ကိုတွေ့မြင်သည့်အခါ ပြေးလာပြီးသူ၏အဖြစ်ကို လျှောက်ထားပြောဆိုပါသည်။ သူသည်ဆာလောင်သောကြောင့် ကြံကိုသွားရောက်ခူးဆွတ်ပါသည်။ ထိုကဲ့သို့ကြံကိုသွားရောက်ခူးဆွတ်သည့်အချိန်တွင် ငြိမ်သက်နေသောကြံချောင်းများသည် လက်နက်များသဖွယ်ဖြစ်လာပြီး ပြိတ္တာကြီးအားရိုက်နှက်ကြပါ သည်။ ထိုသို့ရိုက်နှက်ခံရခြင်ြးေ ကာင့်
ပြိတ္တာကြီးသည် မူးမေ့လျက်လဲကျရပါသည်ဟု လျှောက်ထားပါသည်။
၎င်း၏လျှောက်ထားသောကြောင့် ဘုရားတပည့်တော်လည်း ပြိတ္တာကြီး၏အတိတ်ဘ၀ဇာတ်ကြော င်းကိုဆင်ခြင်ကြည့်သောအခါ ယခုကြံတောထဲတွင်ပြိတ္တာဖြစ်ေ နသောထိုသူသည် ပြိတ္တာမဖြစ်ခင်ရှေးဘ၀က လူပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးပါသည်။ လူဖြစ်ခဲ့သောထိုသူသည် တနေ့သောအခါကြံစည်းကြီးကိုထမ်းပိုးပြီး သွားပါသည်။ သူ၏နောက်မလှမ်းမကမ်းနောက်တွ င် သားအဖနှစ်ဦးသည်လည်း လိုက်ပါလာပါသည်။ သားအဖနှစ်ဦးတွင် အဖဖြစ်သောသူသည် ကိုယ်ကျင့်သီလနှင့်ပြည့်စုံ သောဥပါသကာတစ်ဦးဖြစ်ပါသည်။ သားအဖနှစ်ဦးတွင်သားဖြစ်သော သူသည် ရှေ့တွင်ကြံစည်းထမ်းသွားနေေ သာသူကိုတွေ့၍ ကြံကိုစားချင်သောကြောင့် ဖခင်ဖြစ်သူအား ငိုယိုပြီးတောင်းပါသည်။ ဖခင်ဖြစ်သူသည်လည်း ကလေးငယ်အားချော့မော့ပြောပြသ ည့်တိုင် ချော့မော့၍မရသည့်အတွက် ကြံထမ်းသည့်လူနောက်ကိုအမှီလိုက်လာပြီး စကားစမြည်ပြောဆိုပါသည်။ ကြံထမ်းသည့်လူသည် စကားမပြောချင်သည့်အလားပြန်လ ည်ပြောဆိုခြင်းမရှိသော်လည်း ကလေးငယ်အငိုတိတ်စေရန်အတွက် ကြံတစ်ဆစ်ကိုတောင်းရမ်းလိုက်ပါသည်။ ထိုအခါကြံထမ်းသည့်လူမှာ ဒေါသဖြင့်မြည်တွန်ကာကြံတစ်ဆ စ်ကိုချိုးပြီး သားအဖနှစ်ဦးကို လက်နောက်ပြန်ပစ်၍ ပေးပါသည်။ ထိုကြံထမ်းသည့်လူသည် သေလွန်သောအခါ ဥပါသကာအားကြံတစ်ဆစ်ပေးလှူခဲ့ သည့်ဒါနအကျိုးကြောင့် ကြီးမားသောကြံခင်းထဲတွင် ပဋိသန္ဓေတဖန်ပြန်ဖြစ်ရပြီး နှမြောဝန်တိုခြင်းဟူသောမစ္ဆရိယကြောင့် သေလွန်သောအခါပြိတ္တာဘ၀သို့ရောက်ရှိရလေသည်။ ဒေါသအကျိုးကြောင့်လည်းကြံချောင်းများ၏ရိုက်နှက်ခြင်းကိုခံစားရပြန်သည်။ ထိုသူသည် ဥပါသကာသားအဖကကြံတစ်ဆစ်ကို လက်နောက်ပြန်ပေးကမ်းခဲ့သောေ ကြာင့် ကြံကိုရှေ့မှခူးဆွတ်မရဖြစ်ေ နခြင်းဖြစ်ပါသည်။
ထိုသူ၏စေတနာအတိုင်း လက်နောက်ပြန်ခူးဆွတ်မှသာ ထိုပြိတ္တာသည်လည်း
သုံးဆောင်ရမည်ဖြစ်ကြောင်း ဆင်ခြင်မိသောကြောင့် ပြိတ္တာကြီးအားကြံကိုလက်နောက်ပြန်ခူးဆွတ်ခိုင်းစေရာအလွယ်တကူပင်ခူးဆွတ်သုံးဆောင်၍ရေ ကြာင်း
တွေ့ရပါသည်။ ပြိတ္တာကြီးသည် ဘုရားတပည့်တော်ကို လွန်စွာကျေးဇူးတင်ပြီး
ကြံများကိုခူးဆွတ်၍ လာရောက်ကပ်လှူပါသည်။ တပည့်တော်သည်
ပြိတ္တာကြီး၏အကျိုးစီးပွားအလို့ငှါ ကြံများကိုအလှူခံတော်မမူပဲ မြတ်စွာဘုရားနှင့်သံဃာတော်များကိုလှူဒါန်းခြင်းမှာပို၍ အကျိုးများမည်ဟု ပြောဆို၍ ခေါ်ဆောင်လာရခြင်းဖြစ်ပါသည်။ ´´ ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ် ကြီးသည် မြတ်စွာဘုရားကိုအကြောင်းစုံ လျှောက်ထားပြီးနောက် ပြိတ္တာကြီးသည် ကြံများကိုပိုင်းဖြတ်၍ မြတ်စွာဘုရားနှင့်သံဃာတော်များအားဆက်ကပ်လှူဒါန်းလေသည်။ မြတ်စွာဘုရားနှင့်သံဃာတော်အ ပေါင်းသည်လည်း ပြိတ္တာကြီးကပ်လှူသော ကြံများကိုဘုန်းပေးသုံးဆောင်တော်မူပြီးလျှင် အမျှအတန်းပေးဝေလေသည်။
အမျှအတန်းပေးဝေပြီးသည့်နောက် ပြိတ္တာကြီး၏ပိန်လှီလှသောအရောင်အဆင်းသည် ကွယ်ပျောက်သွားပြီး ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာ သော နတ်သားတစ်ပါးသည် ထိုနေရာတွင်ပေါ်ပေါက်လာလေသည် ။ ထိုနတ်သားသည် လွန်စွာဝမ်းမြောက်ကြည်နူးပြီးလျှင် မြတ်စွာဘုရားနှင့်ရှင်မောဂ္ဂ လာန်၊ တပည့်သားသံဃာအပေါင်းအားရှိခိုးဦးချ၍ မြင်ကွင်းမှ ကွယ်ပျောက်သွားလေတော့သည်။
ကိုးကား - ဥစ္ဆုပေတ၀တ္ထု၊ ၀ိမာန၀တ္ထုပါဠိတော်နှင့်ပေတ၀ တ္ထုပါဠိတော်မြန်မာပြန်
အညတြဘိက္ခု
18.9.2017
ဝေဠုဝန်ကျောင်းတိုက်ကို ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရား ဒုတိယဝါတွင် ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်
မနက်ခင်းပိုင်းတွင် ကျောင်းတိုက်ကြီးသည်တိတ်ဆိတ
စောစောကလှုပ်ရှားနေသော ဝေဠုဝန်ကျောင်းတိုက်သည် သံဃာတော်များမြတ်စွာဘုရား၏ေ
မြတ်စွာဘုရားသည် ရှင်မောဂ္ဂလာန်အား `` ဘယ်သို့သောအခြင်းအရာများ တွေ့ကြုံခဲ့ပါသနည်း ငါ့ရှင်မောဂ္ဂလာန်´´
``ဘုရားတပည့်တော်သည် ရာဇဂြိုလ်မှဆွမ်းခံကြွပြီးအ
အမျှအတန်းပေးဝေပြီးသည့်နောက
ကိုးကား - ဥစ္ဆုပေတ၀တ္ထု၊ ၀ိမာန၀တ္ထုပါဠိတော်နှင့်ပေတဝ
အညတြဘိက္ခု
18.9.2017
ပိကျိပိကျိဟူသောအသံလေး
ကျုပ်ဘယ်ရောက်နေပါလိမ့် ကျုပ်မျက်လုံးတွေဖွင့်မရဘူး
"ဖြတ် ဖြတ် ဖြတ်" ဆိုတဲ့အသံနဲ့အတူ လေတချို့တိုးဝင်လာတယ်။ ကျုပ်လဲအသံကြားလို့ အပေါ်ကိုမော့ကြည့်တော့ နှုတ်သီးချွန်ချွန်အကောင်တစ်
ကျုပ်အတွေးတွေနဲ့နစ်မြောနေတ
ကိုးကား - ငုံးမင်းဇာတ်
အညတြဘိက္ခု
စေတနာဒါနရေလှူအကျိုး
ကောသလတိုင်း ကောသလမင်းကြီးအုပ်ချုပ်သည့် တိုင်းနိုင်ငံ ထူဏအမည်ရှိသောပုဏ္ဏားရွာသည် မြစ်ကမ်းနဘေးတွင်တည်ရှိပြီး ဂျုံစိုက်ပျိုးခြင်း၊ နွားမွေးမြူခြင်းလုပ်ငန်းဖြ င့် အသက်မွေးဝမ်းကြောင်းပြု၏။ မြစ်အတွင်းငါးဖမ်းရန်အတွက် ငါးဖမ်းလှေများ၊ ကုန်စည်သယ်ယူပို့ဆောင်နိုင် ရန်အတွက် ကြီးမားစွာတည်ဆောက်ထားသောလှေများသည်လည်း မြစ်ဆိပ်တွင် တည်ရှိသည်။ ထို့အပြင် မြစ်တဘက်ကမ်းသို့ လူအများလွယ်ကူစွာဖြတ်သန်းသွားလာနိုင်ရန်အတွက် တံတားတစ်စင်းလည်း ထိုးထားလေသည်။ ရွာထိပ်တွင်ခရီးသွားလူအများ နားနေရန်အတွက် ဇရပ်များ၊ ရေချမ်းစင်များလည်း ဆောက်လုပ်ထားသည်။ မြစ်ရေသည်နောက်ကျူသည့်အတွက် သောက်ရေသုံးဆောင်ရေအတွက် ရေတွင်းများတူးဖော်ထားပြီး ထိုရေတွင်းများမှရေများကိုသာ တစ်ရွာလုံးအသုံးပြုကြလေသည်။ ထိုရွာရှိရွာသူကြီးပုဏ္ဏားနှ င့်ရွာသူရွာသားအပေါင်းတို့သ ည် ဗြဟ္မဏအယူကိုကိုးကွယ်ဆည်းကပ် ကြသည်။
တစ်နေ့သ၌ ခရီးသွားတစ်ဦးသည် ရွာသူကြီးပုဏ္ဏားကြီးအား``အချင်းပုဏ္ဏားကြီး
မြတ်စွာဘုရားဟာ ဒေသစာရီကြွချီရင်း အသင်တို့နေထိုင်ရာ ထူဏပုဏ္ဏားရွာကို
ဖြတ်ကျော်မယ်လို့ သတင်းကြားမိတယ်´´ဟူ၍ သတင်းစကားပေးလေသည်။
မြတ်စွာဘုရားကြွချီရာအရပ်တိုင်းရှိလူအများသည် မြတ်စွာဘုရား၏နောက်တော်ပါးသို့ပါသွားတာချည်းဖြစ်တာကြော င့် ပုဏ္ဏားကြီးသည်စိုးရွံ့ထိပ်လ န့်စွာဖြင့်ရွာသူရွာသားအပေါ င်းတို့အား စည်းဝေးခေါ်ယူစေသည်။ ရွာသူရွာသားအပေါင်းစုဝေးမိေ သာအခါ ပုဏ္ဏားကြီးက``ရွာသူရွာသားအေ ပါင်းတို့ ရှင်ကြီးဂေါတမဟာ ဒေသစာရီကြွချီရင်း အကျွန်ုပ်တို့နေထိုင်ရာ ထူပပုဏ္ဏားရွာသို့ ရောက်ရှိလာမယ်လို့သတင်းကြား မိတယ်။ သူယုတ်ဦးပြည့်ရှင်ကြီးဂေါတ မ အကျွန်ုပ်တို့ရွာကိုရောက်ရှိလာခဲ့ရင် ရွာမှာရှိတဲ့လူအများဟာ မကောင်းတဲ့အယူဝါဒတွေစိတ်ထဲပျံ့လွင့်သွားနိုင်တာကြောင့် ရှင်ကြီးဂေါတမ ထူပပုဏ္ဏားရွာကို မ၀င်နိုင်ဖို့ ရွာထိပ်မှာရှိတဲ့ တံတားကိုဖျက်ဆီးပြစ်ရမယ်။ မြစ်ဟိုးဘက်ကမ်း
ဒီဘက်ကမ်းမကူးခတ်နိုင်ရန်အတွက် လှေတွေကို ဖွက်ထားရမယ်။ ဒီဘက်ကိုအကယ်၍ရောက်လာခဲ့သည် ရှိသော် ကြာကြာနေထိုင်နိုင်ခြင်းမရှိစေရန်အတွက် ဇရပ်တွေ၊ ရေချမ်းစင်တွေကိုဖျက်ဆီးပြစ်ရမယ်။ ရေတွင်းတွေထဲမှာမှ ရွာသူရွာသားတွေခပ်သုံးရုံလောက် ရေတွင်းတစ်တွင်းကိုသာချန်ထားပြီး ကျန်တဲ့ရေတွင်းတွေကိုမြက်ထုံးများဖြင့် ပိတ်ဆို့ထားရမယ်´´ဟူ၍ အမိန့်ပေးခိုင်းစေလေသည်။ ရွာသူရွာသားအပေါင်းမှလည်း`` ပုဏ္ဏားကြီးခိုင်းစေတဲ့အတိုင်း ဆောင်ရွက်ပါ့မည်´´ဟု ကတိပေးလေသော် ပုဏ္ဏားကြီးကဆက်လက်ပြီး ``အကယ်၍ရှင်ကြီးဂေါတမနှင့်ဦးပြည့်ကတုံးများ ရွာအနီးနားသို့ရောက်ရှိလာသော် မည်သူတစ်ဦးတစ်ယောက်မျှ ကူညီစောင့်ရှောက်ခြင်းမပြုရ ။ အကူအညီပေးတယ်ဟု ကြားသိခဲ့ရင်သေဒဏ်စီရင်မည်´ ´ဟု ရွာသူရွာသားအပေါင်းတို့အား ပြောကြားလေသည်။
-------------------------- ------------------
သုံးရက်မြောက်သောနေ့တွင် နွားကျောင်းသားတစ်ဦးမှ ပုဏ္ဏားကြီးအိမ်အတွင်းသို့ြေ ပးဝင်လာပြီး
``ပုဏ္ဏားကြီး ရှင်ကြီးဂေါတမနဲ့ရဟန်းတွေ ရွာထိပ်ကကွင်းပြင်ကြီးနားမှာ ထိုင်နေကြတယ်။´´
ပုဏ္ဏားကြီးလည်း အံ့သြလွန်းစွာ``တံတားတွေဖျက်ပြီးလှေတွေဖွက်ထားတာတောင်မှ ဘယ်နေရာကနေ၀င်လာတာလဲ အမောင်နွားကျောင်းသား´´
``ကျွန်တော်မျိုးညနေနွားသိမ်းသွားတော့ မြစ်ဟိုးဘက်ကမ်းကောင်းကင်ကေ န တံတားတစ်ခုကဲ့သို့ ရှင်ကြီးဂေါတမနှင့်ရဟန်းတော်များဖြတ်သန်းဝင်ရောက်လာတာ တွေ့မြင်လိုက်ရပါတယ် ပုဏ္ဏားကြီး´´
``ဒီကိစ္စကို ဘယ်သူ့ကိုမှအသိပေးမပြောကြား လေနဲ့ ပြောကြားတာနဲ့ သေဒဏ်စီရင်မယ်´´
``ဟုတ်ကဲ့ ဟုတ်ကဲ့ပါ မပြောကြားဝံ့ပါဘူး ပုဏ္ဏားကြီး´´။ ပုဏ္ဏားကြီးသည် မြတ်စွာဘုရားနှင့်သံဃာတော်များရှိရာနေရာသို့ အရိပ်အခြေကြည့်ရန်ထွက်ခွါလာ လေရာလမ်းတွင် ရေတွင်းမှ ရေခပ်ပြန်လာသော အမျိုးသမီးအုပ်စုနဲ့ ရင်ဆိုင်တိုးလေသည်။ အမျိုးသမီးတစ်ယောက်မှ ထိပ်ထိပ်ပြာပြာဖြင့်
``ပုဏ္ဏားကြီး . . .. . .. ပုဏ္ဏားကြီးရဲ့ကျွန်မ . .. . . .. . ´´
``ဘာဖြစ်လဲပြော င့ါကျွန်မနင်တို့နဲ့ရေခပ်သွားတယ်မဟုတ်ဘူးလား´´
``ဟုတ်ပါတယ် ပုဏ္ဏားကြီး ရေခပ်သွားတော့ ရေခပ်ပြီးအပြန် ပုဏ္ဏားကြီးရဲ့ကျွန်မက ရဟန်းဂေါတမနဲ့သူ့တပည့်တွေကို ကြည်ညိုလို့ဆိုပြီးရေတွေခပ် တိုက်နေပါတယ် ပုဏ္ဏားကြီး´´
``ဘာ . . . . . ငါမွေးထားတဲ့ကျွန်မက ငါ့ရဲ့အမိန့်ကိုဖီဆန်တယ် ပြန်လာရင်တွေ့မယ်၊ အမျိုးသမီးအားလုံးနားထောင် ရွာရှိလူများအားလုံးကို င့ါအိမ်မှာစုဝေးစေလို့ တခါထဲကြေညာလိုက်´´
``ဟုတ် . . . . . ဟုတ်ကဲ့ပါ ပုဏ္ဏားကြီး . . . . . . . ´´
-------------------------- -----------
``ဟဲ့ ကျွန်မ အမိုက်မ ငါကမွေးလို့ကြီးလာတယ် ငါကျွေးတဲ့ ထမင်းစားတယ် ဘာအတွက်ကြောင့် ရှင်ကြီးဂေါတမနဲ့ဦးပြည့်ရဟ န်းတွေကို ကူညီရတာလဲ´´
``ပုဏ္ဏားကြီး ကျွန်တော်မျိုးမ ဟောဒီရေအိုးနဲ့ရေခပ်ပြီးပြန်လာတော့ မြတ်စွာဘုရားနဲ့သံဃာတော်တွေ ငြိမ်ငြိမ်သက်သက်နဲ့ ကြည်ညိုဖွယ်ကောင်းတာကြောင့် အရင်ဦးဆုံးမြတ်စွာဘုရားကို ဟော့ဒီအိုးထဲကရေနဲ့သောက်တော်ရေတစ်ခွက်ကပ်လိုက်တယ်။ ထူးဆန်းဖွယ်ရေကတစ်စက်မှလျော့ မသွားဘူး။ ဒါနဲ့ နောက်ထပ်ရဟန်းတစ်ပါးကို ရေတစ်ခွက်ထပ်ကပ်ပြန်တယ်။ ဒါလဲအိုးထဲကရေမလျော့သွားဘူး ။ ကျွန်တော်မျိုးမအိုးထဲကရေ ရှိတဲ့သံဃာတွေအားလုံးသောက်သုံးသော်လည်း အိုးထဲကရေက တစ်စက်မှာလျော့ကျမသွားပါဘူး ။´´
``ကျွန်မ သေခါနီး ကယောင်ကတမ်းလျောက်ပြောနေတယ် သေစမ်းကွာ´´
ပုဏ္ဏားကြီး ဒေါသဖြစ်စွာ ရိုက်နှက်ကန်ကျောက်မှုကြောင့်  ကျွန်မသည်လဲ ထိုနေရာ၌ပင် လဲကျသေဆုံးသွားလေသည်။ ပုဏ္ဏားကြီးသည် ရွာသူရွာသားများဘက်သို့လှည့်လိုက်ပြီး
``ငါ့အမိန့်မနာခံတဲ့ရွာသူရွာသားမှန်သမျှ ဟောဒီကျွန်မလိုပဲ အဆုံးသတ်သွားစေရမယ်´´
-------------------------- ----------------
ညဦးယံတွင် ရွာသူရွာသားများ အထုပ်အပိုးများ၊ နွားများ၊ ဆိတ်များဆွဲလျက် ပုဏ္ဏားကြီးအိမ်ရှေ့တွင် စုဝေးရောက်ရှိလာကြသည်။
``ပုဏ္ဏားကြီး ပုဏ္ဏားကြီး´´
``ဗျို့ ပုဏ္ဏားကြီး ဗြဟ္မဏကြီး ကျွန်တော်မျိုးတို့ဒုက္ခတွေ ထကြည့်ပါဦး´´
တစ်ယောက်တစ်ပေါက် ဆူညံစွာအော်ဟစ်နေသောကြောင့် ပုဏ္ဏားကြီး၏အိမ်တံခါးပေါက်ဖွင့်သံကိုကြားလိုက်ပြီး `` ရွာသားတွေ ဘာဖြစ်နေကြတာလဲ´´
``ပုဏ္ဏားကြီး ကျွန်တော်မျိုးတို့အိမ်တွေ ရေတွေလွှမ်းကုန်ပြီ´´
``ဒီအချိန်မြစ်ရေတက်ချိန်လဲ မဟုတ်ပဲ ဘယ်အတွက်ကြောင့် ရေလွှမ်းရတာလဲ´´
ရွာသားတစ်ယောက်မှ ``ကျွန်တော်မျိုးတို့မနေ့က ပုဏ္ဏားကြီးမှာကြားတဲ့အတိုင်း ကျွန်တော်တို့အဖွဲ့ဟာ ရှင်ကြီးဂေါတမကို သွားရောက်စောင့်ကြည့်ကြပါတယ်။
ညနေ နေ၀င်ရီတရောအချိန်မှာ ရှင်တော်ဂေါတမက အာနန္ဒာအမည်ရှိတဲ့ရဟန်းတစ်ပါးကို သောက်ရေခပ်ခိုင်းပါတယ်။ သောက်ရေခပ်ခိုင်းတော့ ထိုရဟန်းက ရေတွင်းတွေဖျက်ဆီးထားတဲ့အတွ က် သောက်ရေမရှိတဲ့အကြောင်းရှင် ကြီးဂေါတမကို ပြန်ပြောတာကြားလိုက်ရပါတယ်။ သို့သော်လည်းရှင်ကြီးဂေါတမက သုံးကြိမ်တိုင်တိုင် သွားရောက်ခပ်ခိုင်းတဲ့အတွက် အာနန္ဒာအမည်ရှိတဲ့ရဟန်းဟာ ကျွန်တော်မျိုးတို့မျက်ထုံး များဖြင့်ပိတ်ဆို့ထားတဲ့ရေတွင်းဆီသို့ လျှောက်လှမ်းသွားပါတယ်။
ရေတွင်းနားဆီသို့ အာနန္ဒာရဟန်းရောက်တဲ့အချိန်မှာ အံ့သြလှစွာ ပိတ်ဆို့ထားတဲ့ရေတွင်းမှမျက်ထုံးကြားထဲရေများစိမ့်ထွက် လာပြီး မကြာခင်မှာ မျက်ထုံးများဟာ ရေအားကြောင့်အဝေးသို့လွင့်ထွက်သွားတာကို မြင်တွေ့ရပါတယ်။ ထိုရေတွင်းမှအပေါ်သို့တက်လာေ သာရေများသည် အချိန်သိပ်မကြာပဲလမ်းတွေကို ဖုံးအုပ်သွားပါတယ်။ လယ်ကွင်းတွေကိုလည်း ဖုံးအုပ်သွားပါတယ်။ ခုဆိုလျှင်ရွာရဲ့အိမ်ခြေသုံးပုံတစ်ပုံခန့်ဟာ ထိုရေများကြောင့်ရေလွှမ်းမှိုးမှုဒဏ်ကိုခံနေရပါပြီ။ ကယ်တော်မူပါဦး ပုဏ္ဏားကြီး´´
``တောက် ဒါ ရှင်ကြီးဂေါတမ တန်ခိုးဖြင့်တမင်သက်သက်လုပ် တာဖြစ်မယ်။´´
``ပုဏ္ဏားကြီး မြန်မြန်ဆုံးဖြတ်တော်မူပါ မကြာခင်မှာ ရွာကိုရေတွေလွှမ်းမိုးပြီး တစ်ရွာလုံးရေအောက်ရောက်သွား ရပါလိမ့်မယ်´´
``ရွာသူရွာသားအပေါင်းတို့ ရှင်ကြီးဂေါတမကတန်ခိုးအင်မတ န်ကြီးတယ်။ ဒါကြောင့် ငါတို့အပြစ်တွေသွားရောက်တော င်းပန်ကြရမယ်။ ခုလိုတောင်းပန်တာဟာလည်း
ရှင်ကြီးဂေါတမကို ကြည်ညိုလို့မဟုတ်ဘူး။ ငါတို့ရွာရေအောက်မနစ်မြုပ်ေ စရန်အတွက်ဖြစ်တယ်။ ဒါကြောင့်ရှင်ကြီးဂေါတမကိုသွားရောက်တောင်းပန်ကြဖို့ အားလုံးငါနဲ့
လိုက်ခဲ့ကြပါ´´
ပုဏ္ဏားကြီးနှင့်ရွာသူရွာသား များ မြတ်စွာဘုရားထံသို့ရောက်ရှိ သောအခါ မြတ်စွာဘုရား၏ကြည်ညိုဖွယ် တင့်တယ်ဖွယ် ရုပ်အဆင်းသည် ရွာသူရွာသားအပေါင်းတို့၏
စိတ်ထဲသို့ ကြည်နှုးဖွယ်ကိန်းဝပ်သွားလေသ ည်။ ပုဏ္ဏားကြီးသည် မြတ်စွာဘုရားထံချဉ်းကပ်ပြီး ``ရှင်ကြီးဂေါတမ ကျွန်ုပ်တို့၏အပြစ်အတွက် သီးခံခွင့်လွှတ်ပေးတော်မူပါ´ ´
ထိုကဲ့သို့ တောင်းပန်လျှောက်ထားပြီးမကြာခင်မှာပင် ရွာကိုဖုံးလွှမ်းနေသောရေများ သည် ရုတ်တရက်ကျသွားပြီး လူနေအိမ်များ လယ်ကွင်းများသည်လည်းမြေပြင် ပေါ်ပြန်၍ ပေါ်ထွက်လာသည်။ ရွာသူရွာသားများထဲမှ တစ်ယောက်သောရွာသားသည် ``ရှင်ကြီးဂေါတမကို မနက်ဖြန်ဆွမ်းလုပ်ကျွေးပါရေ စ´´ဟုတောင်းပန်လျှောက်ထားလေ သည်။ ထိုရွာသားတောင်းပန်လျှောက်ထားသံနှင့်အတူ တခြားတခြားသောရွာသားများသည် လည်း တောင်းပန်လျှောက်ထားကြလေသော ကြောင့် မြတ်စွာဘုရားသည်ဆိတ်ဆိတ်နေ၍ လက်ခံတော်မူလေသည်။
-------------------------- -----
မနက်အာရုံတက် ဝေလီဝေလင်းတွင် တစ်ရွာလုံး ယာယီမဏ္ဍပ်ဆောက်လုပ်နေသည့်အသံ ပန်းကန်ခွက်ယောက်သံ ချက်သံပြုတ်သံများဖြင့် ဆူညံလျက်ရှိသည်။
ပုဏ္ဏားကြီးသည် မြတ်စွာဘုရား၏တန်ခိုးတော်ကိုကြောက်ရွံ့သဖြင့် ရွာသူရွာသားများ၏ဆန္ဒကိုလိုက်လျောလိုက်ရသော်လည်း ခုချိန်ထိ မြတ်စွာဘုရားနှင့် တပည့်သားသံဃာတော်အပေါင်းအား ကြည်ညိုသည့်စိတ်မဖြစ်ပေါ်လာေ သးပေ။ သို့သော်တစ်ရွာလုံးနီးပါး၏ဆ န္ဒအရဆောင်ရွက်နေကြသည်ကိုလည်း ရှောင်ဖယ်၍မရသဖြင့် အလိုက်သင့်ပင် ဆွမ်းကိစ္စအတွက်လိုက်ပါဆောင် ရွက်နေလေသည်။ အားလုံးချက်ပြုတ်ပြင်ဆင်ပြီးသည့်နောက် ရွာသားတစ်ဦးအားမြတ်စွာဘုရားနှင့်သံဃာအပေါင်းကို ပင့်ဆောင်ရန်အတွက် စေလွှတ်လိုက်လေသည်။ မြတ်စွာဘုရားနှင့်သံဃာအပေါင်းကြွရောက်ပြီးသည့်နောက် ဆွမ်းကပ်လှူကြသည်။ ခါတိုင်းအလှူများစွာပြုလုပ် ခဲ့ဖူးသော်လည်း ယခုမြတ်စွာဘုရားနှင့်သံဃာတော်အပေါင်းအားဆွမ်းဆပ်ကပ်လှူ ဒါန်းသည့်အချိန်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ဣနြေ္ဒရရဆွမ်းဘုန်းပေးနေကြသောကြောင့် ရွာသူရွာသားအပေါင်းတို့ လွန်စွာအံ့သြကြည်နူးလျက်ရှိ လေ၏။ မြတ်စွာဘုရားဆွမ်းဘုန်းပေြး ပီးသည့်နောက်
တပည့်သံဃာအပေါင်းခြံရံလျက် ငြိမ်သက်တိတ်ဆိတ်စွာ သီတင်းသုံးထိုင်နေကြပြီး
ရွာသူရွာသားအပေါင်းသည်လည်း မြတ်စွာဘုရားအဘယ်စကားကိုမိန့်ကြားမည်ကို စောင့်စားလျက်ရှိသည်။ ထိုအချိန်တွင် လွန်စွာလင်းထိန်လျက်ရှိသော အလင်းရောင်နှင့်အတူ ကိုယ်ရောင်ကိုယ်ဝါတောက်ပလွန်းလှသော
ပုဂ္ဂိုလ်တစ်ဦးမြတ်စွာဘုရား ၏ မနီးမဝေးတွင်ပေါ်ထွက်လာလေသည် ။
မြတ်စွာဘုရားမှ ``အသင်သည် အဘယ်သူနည်း ´´ဟုမေးမြန်းရာ``ကျွန်ုပ်သည် နတ်သမီးတစ်ပါးဖြစ်ပါသည်။´´` `နတ်သမီး ယခုရှိရာသို့အဘယ်အကြောင်ြးေ ကာင့်လာရောက်ရသနည်း´´
``မြတ်စွာဘုရား တပည့်တော်သည် အတိတ်ဘ၀က မြတ်စွာဘုရားနှင့်တပည့်သားသံဃာတော်အပေါင်းအား သောက်တော်ရေကပ်လှူဖူးသည့် ပုဏ္ဏားကြီး၏ကျွန်မဖြစ်ပါသည် ။ လာရောက်ရခြင်းမှာ အတိတ်ဘ၀က မြတ်စွာဘုရားနှင့်သံဃာအပေါင်းအား သောက်တော်ရေကပ်လှူဖူးသည့်အကျိုးကြောင့်
ဘုရားတပည့်တော်သည် သေလွန်သောအခါ ဥယျာဉ် ဗိမာန်နှင့်တကွ အလွန်ကြီးသော
ရေကန်ထဲတွင် ရွှေလှေစီး၍ပျော်ပါးရသော စည်းစိမ်ချမ်းသာကို ရရှိခံစားရပါပြီ။
တပည့်တော်စိတ်ထဲတွင်
အနည်းငယ်သော ကုသိုလ်ကောင်းမှုကိုပြုသော်လ ည်း များစွာသောအကျိုးကိုခံစားရြ ခင်းကြောင့် မြတ်စွာဘုရားနှင့်သံဃာတော်အ ပေါင်းအား ရှိခိုးကန်တော့ရန်လာရောက်ရြ ခင်းဖြစ်ပါသည်။´´နတ်သမီးသည် လည်း မြတ်စွာဘုရားနှင့်သံဃာအပေါင်းအား ရှိခိုးကန်တော့ပြီးသည့်နောက် မြင်ကွင်းမှပျောက်ကွယ်သွားေ လသည်။
ထိုအခါမှ ပုဏ္ဏားကြီးနှင့်ရွာသူရွာသား အပေါင်းတို့သည် မြတ်စွာဘုရားနှင့်သံဃာရှေ့တွင် ဒူးတုတ်ထိုင်လိုက်ကြပြီး။
``တပည့်တော်တို့အား အသက်ထက်ဆုံး ဥပသကာအဖြစ်မှတ်ယူတော်မူပါ မြတ်စွာဘုရား´´ဟု
လျှောက်တင်လိုက်ကြလေသည်။
တတိယနာဝါ၀ိမာန၀တ္ထု၊ ၀ိမာန၀တ္ထုပါဠိတော်နှင့်ပေတ၀ တ္ထုပါဠိတော်ကို မှီငြမ်းရေးသားခြင်းဖြစ်ပါသ ည်။
အညတြဘိက္ခု
တစ်နေ့သ၌ ခရီးသွားတစ်ဦးသည် ရွာသူကြီးပုဏ္ဏားကြီးအား``အခ
ဒီဘက်ကမ်းမကူးခတ်နိုင်ရန်အတ
--------------------------
သုံးရက်မြောက်သောနေ့တွင် နွားကျောင်းသားတစ်ဦးမှ ပုဏ္ဏားကြီးအိမ်အတွင်းသို့ြေ
``ပုဏ္ဏားကြီး ရှင်ကြီးဂေါတမနဲ့ရဟန်းတွေ ရွာထိပ်ကကွင်းပြင်ကြီးနားမှ
ပုဏ္ဏားကြီးလည်း အံ့သြလွန်းစွာ``တံတားတွေဖျက
``ကျွန်တော်မျိုးညနေနွားသိမ
``ဒီကိစ္စကို ဘယ်သူ့ကိုမှအသိပေးမပြောကြား
``ဟုတ်ကဲ့ ဟုတ်ကဲ့ပါ မပြောကြားဝံ့ပါဘူး ပုဏ္ဏားကြီး´´။ ပုဏ္ဏားကြီးသည် မြတ်စွာဘုရားနှင့်သံဃာတော်မ
``ပုဏ္ဏားကြီး . . .. . .. ပုဏ္ဏားကြီးရဲ့ကျွန်မ . .. . . .. . ´´
``ဘာဖြစ်လဲပြော င့ါကျွန်မနင်တို့နဲ့ရေခပ်သွ
``ဟုတ်ပါတယ် ပုဏ္ဏားကြီး ရေခပ်သွားတော့ ရေခပ်ပြီးအပြန် ပုဏ္ဏားကြီးရဲ့ကျွန်မက ရဟန်းဂေါတမနဲ့သူ့တပည့်တွေကိ
``ဘာ . . . . . ငါမွေးထားတဲ့ကျွန်မက ငါ့ရဲ့အမိန့်ကိုဖီဆန်တယ် ပြန်လာရင်တွေ့မယ်၊ အမျိုးသမီးအားလုံးနားထောင် ရွာရှိလူများအားလုံးကို င့ါအိမ်မှာစုဝေးစေလို့ တခါထဲကြေညာလိုက်´´
``ဟုတ် . . . . . ဟုတ်ကဲ့ပါ ပုဏ္ဏားကြီး . . . . . . . ´´
--------------------------
``ဟဲ့ ကျွန်မ အမိုက်မ ငါကမွေးလို့ကြီးလာတယ် ငါကျွေးတဲ့ ထမင်းစားတယ် ဘာအတွက်ကြောင့် ရှင်ကြီးဂေါတမနဲ့ဦးပြည့်ရဟ
``ပုဏ္ဏားကြီး ကျွန်တော်မျိုးမ ဟောဒီရေအိုးနဲ့ရေခပ်ပြီးပြန
``ကျွန်မ သေခါနီး ကယောင်ကတမ်းလျောက်ပြောနေတယ်
ပုဏ္ဏားကြီး ဒေါသဖြစ်စွာ ရိုက်နှက်ကန်ကျောက်မှုကြောင်
``ငါ့အမိန့်မနာခံတဲ့ရွာသူရွ
--------------------------
ညဦးယံတွင် ရွာသူရွာသားများ အထုပ်အပိုးများ၊ နွားများ၊ ဆိတ်များဆွဲလျက် ပုဏ္ဏားကြီးအိမ်ရှေ့တွင် စုဝေးရောက်ရှိလာကြသည်။
``ပုဏ္ဏားကြီး ပုဏ္ဏားကြီး´´
``ဗျို့ ပုဏ္ဏားကြီး ဗြဟ္မဏကြီး ကျွန်တော်မျိုးတို့ဒုက္ခတွေ ထကြည့်ပါဦး´´
တစ်ယောက်တစ်ပေါက် ဆူညံစွာအော်ဟစ်နေသောကြောင့်
``ပုဏ္ဏားကြီး ကျွန်တော်မျိုးတို့အိမ်တွေ ရေတွေလွှမ်းကုန်ပြီ´´
``ဒီအချိန်မြစ်ရေတက်ချိန်လဲ
ရွာသားတစ်ယောက်မှ ``ကျွန်တော်မျိုးတို့မနေ့က ပုဏ္ဏားကြီးမှာကြားတဲ့အတိုင်
ညနေ နေ၀င်ရီတရောအချိန်မှာ ရှင်တော်ဂေါတမက အာနန္ဒာအမည်ရှိတဲ့ရဟန်းတစ်ပါ
ရေတွင်းနားဆီသို့ အာနန္ဒာရဟန်းရောက်တဲ့အချိန်မ
``တောက် ဒါ ရှင်ကြီးဂေါတမ တန်ခိုးဖြင့်တမင်သက်သက်လုပ်
``ပုဏ္ဏားကြီး မြန်မြန်ဆုံးဖြတ်တော်မူပါ မကြာခင်မှာ ရွာကိုရေတွေလွှမ်းမိုးပြီး တစ်ရွာလုံးရေအောက်ရောက်သွား
``ရွာသူရွာသားအပေါင်းတို့ ရှင်ကြီးဂေါတမကတန်ခိုးအင်မတ
ရှင်ကြီးဂေါတမကို ကြည်ညိုလို့မဟုတ်ဘူး။ ငါတို့ရွာရေအောက်မနစ်မြုပ်ေ
လိုက်ခဲ့ကြပါ´´
ပုဏ္ဏားကြီးနှင့်ရွာသူရွာသား
စိတ်ထဲသို့ ကြည်နှုးဖွယ်ကိန်းဝပ်သွားလေသ
ထိုကဲ့သို့ တောင်းပန်လျှောက်ထားပြီးမကြ
--------------------------
မနက်အာရုံတက် ဝေလီဝေလင်းတွင် တစ်ရွာလုံး ယာယီမဏ္ဍပ်ဆောက်လုပ်နေသည့်အသံ
ပုဏ္ဏားကြီးသည် မြတ်စွာဘုရား၏တန်ခိုးတော်ကိ
ပုဂ္ဂိုလ်တစ်ဦးမြတ်စွာဘုရား
မြတ်စွာဘုရားမှ ``အသင်သည် အဘယ်သူနည်း ´´ဟုမေးမြန်းရာ``ကျွန်ုပ်သည
``မြတ်စွာဘုရား တပည့်တော်သည် အတိတ်ဘ၀က မြတ်စွာဘုရားနှင့်တပည့်သားသ
အနည်းငယ်သော ကုသိုလ်ကောင်းမှုကိုပြုသော်လ
ထိုအခါမှ ပုဏ္ဏားကြီးနှင့်ရွာသူရွာသား
``တပည့်တော်တို့အား အသက်ထက်ဆုံး ဥပသကာအဖြစ်မှတ်ယူတော်မူပါ မြတ်စွာဘုရား´´ဟု
လျှောက်တင်လိုက်ကြလေသည်။
တတိယနာဝါ၀ိမာန၀တ္ထု၊ ၀ိမာန၀တ္ထုပါဠိတော်နှင့်ပေတဝ
အညတြဘိက္ခု
ဒက်ချီး
ခါးဝတ်သင်းပိုင်းကို ဒူးဆစ်နားရောက်လုအထိ သေချာလိပ်တင်လိုက်တယ်။ အပေါ်ရုံဧကသီကို အပေါ်ဆွဲဆန့်လိပ်လိုက်ပြီး အတွင်းပိုင်းအစကိုချိုင်းကြားထဲထိုး
လက်ကတော့ထိုးလိုက်ပြီး လည်ပင်းကော်လံကို ထောင်၊ နံရံမှာထောင်ထားတဲ့မှန်မှာ
သပ်သပ်ရပ်ရပ်ဖြစ်မဖြစ် တချက်လောက်လှမ်းကြည့်လိုက်ေ တာ့မှ တယ်ဟုတ်တဲ့ ငါ ။ ကြည်ညိုဖွယ်ကောင်းတဲ့ ငါပါလား။ ဒါလောက်ဆိုခန္ဓာကိုယ်အနှံ့က ပွေးတွေဝဲတွေဘယ်သူမှမမြင်တော့ဘူး။ ဘာလဲကျုပ်ကိုညစ်ပတ်တယ်လို့ထင်တာလား အိပ်ယာတွေစောင်တွေလျှော်တာများ ခဏခဏပဲ။ ခုပွေးတွေဝဲတွေပေါက်တာ ညစ်ပတ်လို့မဟုတ်ဘူးဗျ။
ကြမ်းပိုးကြောင့် ကြမ်းပိုးကြောင့်။ ကျုပ်မှာ ကြမ်းပိုးကိုနိုမ်နင်းပြန်ရ င်လဲ
ပါဏာတိပါတအမှုနဲ့လူတွေက နိုပ်ကွက်ကြဦးမယ်။ ခေါင်းမှာပေါက်နေတဲ့
ဒက်တွေကတော့ စိတ်ပျက်ဖို့ကောင်းတာများ သြဇာသီးလားထင်ရ။ ဒါကြောင့်မို့လဲ
ကျုပ်ကို ချစ်စနိုးဘွဲ့ ကိုရင်ဒက်ချီးလို့ပေးကြတာပေါ့။ ဟိုကလဲ ဒက်ချီးလာပါဦး ဒီကလည်းဒက်ချီးလာပါဦးနဲ့။ ဆွမ်းခံစောစောထွက်မှ ကျုပ်ဆွမ်းခံနောက်ကျရင် ဒကာဒကာမတွေအလုပ်သွားကြတာနဲ့ ကျုပ်ဆွမ်းရမှာမဟုတ်ဘူး။ သပိတ်စင်ပေါ်က သပိတ်ကိုလှမ်းယူ၊ ဆွမ်းဟင်းထည့်ဖို့ သုံးဆင့်ချိုင့်အသေးလေးကိုတ ဖက်ကဆွဲလိုက်ပြီး ကျောင်းပေါက်ဝကနေစပြီး ဆွမ်းတော်လို့အော်ပြီးသွားရ တယ်။ ဆွမ်းတော်လို့အော်မှ မအော်ရင် ကျုပ်အသံမကြားရင် ဆွမ်းထွက်မလောင်းကြဘူး။
လမ်းကကျောက်တွေခင်းထားတော့ ကျုပ်ခြေထောက်တွေနာလိုက်တာ အရမ်းပဲ။ အရင်ကတော့ မြေသားလမ်းဆိုတော့နင်းလို့ေ ကာင်းသေးတယ်။ ခုများတော့ လူတွေသွားရလာရမကောင်းလို့ဆိုလား ကျောက်တွေခင်းလိုက်တာ ခြေဖ၀ါးတွေဆိုကျိမ်းစပ်နေတာ ပဲ။ တခါတလေပုလင်းကွဲတွေ ဘရိတ်ဒါးတွေကျောက်ကြားထဲထော င်လို့ အောက်ကိုကြည့်ပြီးသွားရတယ်။ ယောင်လို့များမပြေးလိုက်နဲ့ ဘာနဲ့ခိုင်းမိမှန်းတောင်သိလိုက်ရမှာမဟုတ်ဘူး။
အရီးမြအိမ်ရှေ့ရောက်တော့ ဆွမ်းတော်လို့အော်မယ်ရှိသေး တယ် အရီးမြအိမ်ထဲက ဦးဇင်းကြီးတစ်ပါးထွက်လာပြီး ဦးဇင်းကြီးက ``ဒက်ချီး မင်းတော့ပွပြီ၊ အရီးမြ၀က်သားဆွမ်းလောင်းတယ် ´´။ ဒါနဲ့ ၀မ်းသာအားရ ဆွမ်းတော်လို့အော်လိုက်တော့ အိမ်ထဲက ``ကိုရင်ဒက်ချီး ရပ်တော်မူပါဦး´´ဆိုတဲ့အော် သံကြားရတယ်၊
ခဏလေးကြာတော့ အရီးမြ ဆွမ်းလာလောင်းတယ်။ ဆွမ်းထမင်းတစ်ခွက်ရယ်
အရွက်ကြော်တစ်ခွက်ရယ်၊ ကျုပ်စိတ်ထဲတော့ အရီးမြမျက်နှာလိုက်တယ်။ အင်းပေါ့လေ
ကျုပ်ကဒက်တွေနဲ့ဆိုတော့ ကိုရင့်ကိုဘယ်သဒ္ဓါမှာလဲ။ အရီးမြအိမ်မှာ ဆွမ်းခံပြီး
တအိမ်ဝင်တစ်အိမ်ထွက်ဆွမ်းခံ လိုက်တာ
သပိတ်ထဲ ဆွမ်းကတစ်ဝက်၊ ချိုချဉ် မုန့်စတဲ့ ခဲဖွယ်က တစ်ဝက်၊
ချိုင့်ထဲမှာတော့ ဘာတွေလောင်းထားလဲမသိဘူး။ အချိန်လဲလင့်နေပြီ
ကျောင်းပြန်တော့မှ အပြန်နောက်ကျရင်လဲ အဆူအငေါက်ခံရဦးမယ်။
ပြန်မယ်လုပ်မှ မိုးက ဝေါခနဲရွာချလာတယ်။ မိုးရွာလို့မပြန်ပဲ မိုးခိုနေပြန်ရင်ပိုပြီးနော က်ကျတော့မယ်။
ကျုပ်လဲ မိုးရွာထဲ သပိတ်လေးပိုက် လက်တစ်ဖက်က ဆွမ်းချိုင့်ကိုဆွဲ
ခပ်သုတ်သုတ်လျှောက်လာတယ်။ မိုးကပိုပိုပြီးသဲလာသလိုပဲ ခေါင်းပေါ်ကျတဲ့မိုးရေက
မျက်နှာတွေပေါ်ကိုဖြတ်စီးပြီး အရည်တချို့က ပါးစပ်ထဲကိုဝင်လို့ ငံကျိကျိအရသာခံစားရတယ်။ ဒက်ချီးရေခေါ်မလားပဲ။ ငံကျိကျိဖြစ်နေလို့ ကျုပ်ကိုရေမချိုးဘူးလားလို့ မထင်လိုက်နဲ့။ ချိုးသလားမမေးနဲ့။ ဒါပေမယ့်ရှိတဲ့ဆပ်ပြာခဲလေးဟိုးတနေ့ကကြွက်ကိုက်သွားလို့ စိတ်တိုတိုနဲ့နွင့်ပစ်လိုက် တာ
ဆပ်ပြာမတိုက်ဖြစ်တာတော့ သုံးရက်လောက်ရှိပြီ။ ဒါကြောင့် ငံကျိကျိဖြစ်နေတာ။
သပိတ်အဖုံးကမပါတော့ သပိတ်ထဲမိုးရေမ၀င်အောင်လဲ သင်္ကန်းစနဲ့တဖက်ကအုပ်ထားရသေး တယ်။ သင်္ကန်းရုံနဲ့ မိုးရေထဲလမ်းလျှောက်တာ ခရီးက တော်တော်နဲ့မရောက်နိုင်ဘူး။ မိုးရေရွှဲမှ ဟိုနားကယားသလိုလို ဒီနားကယားသလိုလိုနဲ့။ သပိတ်ထဲရေ၀င်သွားလားဆိုပြီး သင်္ကန်းစလေးမကြည့်မိတော့
ဆွမ်းတွေနီရဲလို့ပါလား။ ကျုပ်ကိုလူတွေဆွမ်းလောင်းလိုက်တာ ဆွမ်းအဖြူပါ။ ဘယ့်အတွက်ကြောင့် ဆွမ်းအနီတွေဖြစ်နေပါလိမ့်။ လက်ကလေးကိုမြှောက်ကြည့်တော့ လက်ကကျလာတဲ့မိုးရေတွေကလည်း နီနေတယ်။ ခြေထောက်ဘက်ကိုကြည့်လိုက်ပြ န်တော့လည်း ခြေထောက်ကကျလာတဲ့ မိုးရေတွေကလည်းနီနေတယ်။ သွားပါပြီ သင်္ကန်းက ဆေးတွေကျွတ်နေတာ။ မိုးရေကြောင့်သင်္ကန်းကဆေးတွေ ကျွတ်မိုးရေနဲ့အတူ
ဆေးရည်တွေက သပိတ်ထဲကိုဝင် ဆွမ်းတွေပါနီရဲကုန်ပြီ။ လမ်းမှာ မိုးရေထဲ
လက်မြှောက်ခြေမြှောက် ဖြစ်နေတဲ့ကျုပ်ကို ဘယ်အချိန်ကတည်းကမျက်စိနောက် နေမှန်းမသိတဲ့ ခွေးသုံးကောင်က ဆွဲမလို့ပြေးလာတယ်။ ကျုပ်လဲ ရုတ်တရက်လန့်သွားပြီး ရွံ့ဗွက်ထဲဖင်ထိုင်ကျသွားတာ ခွမ်းခနဲ သပိတ်ကကွဲပါလေရော။ သုံးဆင့်ချိုင့်ကလည်းလွင့်ထွက်သွားတယ်။ ခွေးသုံးကောင်က ကျုပ်ဖင်ထိုင်လဲသွားတော့ လန့်ပြီးပြန်လှည့်ပြေးသွားလိုက်တာ ခပ်လှမ်းလှမ်းကနေ ကျုပ်ရဲ့အခြေအနေကို စောင့်ကြည့်နေကြတယ်။ ကျုပ်လဲခွေးကိုက်တော့မခံနို င်ပါဘူးဆိုပြီး ကာကွယ်ဖို့ ဘေးနားရှာကြည့်တာ တံမြက်စည်းရိုးတစ်ချောင်းကိုတွေ့
လို့လှမ်းယူလိုက်တယ်။ တစစီလွင့်သွားတဲ့ ဆွမ်းချိုင့်ကို ပြန်ကောက်ပြီး သေချာဆင့်လိုက်တယ်။ သပိတ်အကွဲထဲဘာယူလို့ရမလဲကြည့်တော့ အိပ်နဲ့ထုပ်ထားတဲ့ ပါမုန့်တစ်လုံးတွေ့လို့ ပါမုန့်ကို ခါးကြားထဲလိပ်ထည့်လိုက်တယ်။ ဒီပုံစံအတိုင်းပြန်ရင် ကျောင်းရောက်ရင်လဲကျုပ်အရို က်ခံရမှာလေ။
ဘယ်လိုရှင်းပြရှင်းပြ ကျုပ်ပြောတာကို ယုံမှာမဟုတ်ဘူး။ ကျုပ်က ဒက်ချီးလေ။
ဒက်ချီးစကားဆိုမယုံကြဘူး။ ကျုပ်ကိုကမျင်းကျောထနေတယ်ပဲ ထင်ကြတာ။ ဒါကြောင့်ကျုပ် သင်္ကန်းရုံထားတာကို ပြန်ဖြေလိုက်တယ်။ ခါးဝတ်သင်းပိုင်ကို ခါးတောင်းမြှောင်အောင်ကျိုက်လိုက်တယ်။ အပေါ်ရုံဧကသီကို ခါးနဲ့ပခုံးနှစ်ပတ်လောက်ပတ် ချည်လိုက်တယ်။ လက်တစ်ဖက်က ဆွမ်းချိုင့်ကိုကိုင်လိုက်တ ယ်။ ကျန်တဲ့လက်တစ်ဖက်က တံမြက်စည်းရိုးကိုကောက်ကိုင်လိုက်တယ်။ အရိုက်ခံရမယ့်အတူတူရွာထဲက ကလေးတွေလိုမိုးရွာထဲအုန်းလက်မြင်းစီးပြီး ကျောင်းတော်ကိုဝင်လိုက်တော့ တယ်။
`ဒက်ဂလောက် ဒက်ဂလောက်´´
အညတြဘိက္ခု
ကြမ်းပိုးကြောင့် ကြမ်းပိုးကြောင့်။ ကျုပ်မှာ ကြမ်းပိုးကိုနိုမ်နင်းပြန်ရ
လမ်းကကျောက်တွေခင်းထားတော့ ကျုပ်ခြေထောက်တွေနာလိုက်တာ အရမ်းပဲ။ အရင်ကတော့ မြေသားလမ်းဆိုတော့နင်းလို့ေ
အရီးမြအိမ်ရှေ့ရောက်တော့ ဆွမ်းတော်လို့အော်မယ်ရှိသေး
ပြန်မယ်လုပ်မှ မိုးက ဝေါခနဲရွာချလာတယ်။ မိုးရွာလို့မပြန်ပဲ မိုးခိုနေပြန်ရင်ပိုပြီးနော
ဆွမ်းတွေနီရဲလို့ပါလား။ ကျုပ်ကိုလူတွေဆွမ်းလောင်းလိ
လို့လှမ်းယူလိုက်တယ်။ တစစီလွင့်သွားတဲ့ ဆွမ်းချိုင့်ကို ပြန်ကောက်ပြီး သေချာဆင့်လိုက်တယ်။ သပိတ်အကွဲထဲဘာယူလို့ရမလဲကြည
`ဒက်ဂလောက် ဒက်ဂလောက်´´
အညတြဘိက္ခု
စွန်းထင်းသွားတဲ့ပ၀ါဖြူ
"မင်္ဂံပါပံလုနာတိ ဆိန္ဒတီတိ မင်္ဂလာတဲ့ မကောင်းမှုကို ရိတ်ဖြတ်ဖျက်ဆီးပြီး ကောင်းမှုတွေ တိုးပွားစေလို့ မင်္ဂလာမည်၏တဲ့ ခုဒါယကာကြီးဦးမြ ဦးဇင်းနား ကပ္ပိယအဖြစ်နဲ့နေတာ မကောင်းမှုကို တားဆီးပြီးသားမဟုတ်ဘူးလား"
"မှန်ပါ"
"ကောင်းမှုတွေကိုလည်း တိုးပွားမလာပါဘူးလား"
"တိုးပွားလာပါတယ်ဘုရား နေ့စဉ်လည်း ဝေယျာဝစ္စအစရှိသဖြင့် ကုသိုလ်ပေါင်းစုံပွားများဖြ
"မင်္ဂလာရှိရှိနေထိုင်နိုင်ရဲ
"တင်ပါ တပည့်တော်က ဘုန်းဘုန်းကို အားနာလို့ပါဘုရား"
"တော်တော့ ပြန်ဖို့စိတ်မကူးနဲ့ ဘုန်းဘုန်းနားမှာပဲနေ။ ညနက်ပြီ အိပ်မယ်ဆိုလဲသွားအိပ်ချေတော
"တင်ပါဘုရား"
ဆရာတော်ကယခင်က ရွာကျောင်းကနေ ရန်ကုန်မြို့ပေါ်စာသင်စာချအြ
တိုးတက်စည်ပင်လာခဲ့ပါတယ်။ ထို့အပြင် လူငယ်ပရဟိတအဖွဲ့၊ ဓမ္မစကြာအဖွဲ့များဖွဲ့စည်းပေ
--------------------------
``သုံးလူ့ရှင်ပင် ကျွန်းထိပ်တင် သောင်းခွင်စကြာဝဠာ နတ်ဗြဟ္မာတို့ - - - - - - -´´
ကိုရင်တွေဦးဇင်းတွေ ဘုရားဝတ်ပြုနေတုန်း ကျောင်းရှေ့မှာပွနေတဲ့ သစ်ရွက်ခြောက်အမှိုက်တွေကို တံမြက်စည်းလှည်းနေရင်း စိတ်ကသုံးဆယ့်တစ်ဘုံ အလုံးစုံကုန်သော သတ္တ၀ါတွေကျန်းမာကြပါစေချမ်း
အမှိုက်လှည်းနေတုန်း ကျောင်းဝင်းထဲ ကားနှစ်စီးဝင်လာတယ်။ ခါတိုင်းလို ဒကာဒကာမတွေဆရာတော်နားလာကြတာ
ကားနားရောက်တော့ ရှေ့မှာရပ်ထားတဲ့ကားပေါ်ကဆင်
ရပ်ကွက်ဥက္ကဋ္ဌဦးခင်မောင်မြင့
``ဦးမြင့် ဆရာတော်ဘယ်နားမှာလဲ´´
``ကျောင်းပေါ်မှာဘုရားဝတ်ပြု
ရပ်ကွက်ဥက္ကဋ္ဌက ရဲတပ်ဖွဲ့ဝင်တွေဘက်ကိုလှည့်
``စခန်းမှုးကြီး ဘုရားဝတ်ပြုပြီးအောင်ခဏစောင
``ဥက္ကဋ္ဌကြီး ဘာများဖြစ်လို့လဲ ဘာအကြောင်းကြောင့်လဲ´´
``ဆရာတော်ကို ၃၇၆နဲ့ အမှုဖွင့်ထားတယ်´´
``ဗျာ ၃၇၆ဆိုတော့ ဘယ်သူကများ ဘာအတွက်တရားစွဲတာလဲဥက္ကဋ္ဌကြီး
``ယုနွယ်က အမှုဖွင့် ထားတာ´´
``ဗျာ´´ယုနွယ်ဆိုတာ ကျောင်းမှာလာလာပြီး သင်္ကန်းလျှော်ပေး သန့်ရှင်းရေးလာလုပ်ပေးနေတဲ့
ကျွန်တော်နဲ့ အနီးကပ်ဆုံးနေနေတာပါ လုံးဝမဖြစ်နိုင်ပါဘူးဗျာ´´။
``အမှုဖွင့်ထားတော့ တရားရုံးရောက်မှ ရှင်းရမှာပဲဦးလေးကြီး အမှန်တရားအတိုင်းဖြစ်လာမှာပ
ဘုရားဝတ်ပြုတာပြီးသွားတော့ ကျောင်းပေါ်မှ ဦးဇင်းငယ်တွေကိုရင်တွေဆင်း
ဥက္ကဋ္ဌကြီးက ``ကဲ ဘုရားဝတ်ပြုတာပြီးသွားပြီဆိ
ကျောင်းပေါ်ရောက်တော့ ဆရာတော်ကိုအမှုဖွင့်ထားတယ်လည
``ဘုရားဘုရား ငါယခုဘ၀မပြုရတဲ့အမှုဖြစ်ပေမယ
စခန်းမှုးကြီးက ``ဆရာတော်ကိုဒီတိုင်းသင်္ကန်း
``မင်းတို့လူဝတ်လဲပေးတိုင်း
``ရဟန်းဝတ်နဲ့အမှုရင်ဆိုင်ရတ
``ဦးမြင့် စီစဉ်လိုက်ပါ´´ ကျွန်တော်လည်း ၀မ်းနည်းစွာနဲ့ ဆရာတော်ကိုယ်တိုင်စွန့်ကြဲထ
ဆရာတော်က ``ငါ အခြေအနေအရ လူအ၀တ်အစားဝတ်ထားပေမယ့် ရဟန်းဘ၀ပဲရှိသေးတယ်နော ငါ့ကိုရိုက်လားပုတ်လားစစ်လာ
``တင်ပါတပည့်တော်တို့နားလည်
ထို့နောက်ဆရာတော်ကို လက်ထိပ်ခတ်ပြီး ကားပေါ်တင်ခေါ်သွားကြလေတယ်။ ထိုညအဖို့ထိုကျောင်းတိုက်ကြ
--------------------------
နောက်နေ့လပြည့်နေ့မှာ ခါတိုင်းထက်ဥပုသ်သည်ပိုများ
ဆိုပြီး လာယူသွားတာကုန်ပြီ။ ကျောင်းတိုက်ကြီးတစ်ခုလုံးဟ
--------------------------
ဆရာတော်နားဆွမ်းပို့ရင်း စကားပြောဖြစ်တယ်။ ဒီနေ့တော့ ဆရာတော်မျက်နှာကပြုံးရွှင်လိ
``ဦးမြင့် အမှန်တရားဆိုတာ ဖုံးကွယ်ထားလို့မရပါဘူး အချိန်တန်တော့ပေါ်လာတာပဲ´´
ကျွန်တော်လဲဆရာတော်စကားကြော
``မနေ့က ယုနွယ်သူငယ်ချင်း မိစုလာသွားတယ်။ သူတရားရုံးတော်မှာ အမှန်တရားအတွက်ထွက်ဆိုပေးမယ
``သူက ဘယ်လိုအမှန်တရားအတွက်ထွက်ဆိ
``သူ ဆရာတော်ကိုပြောပြတယ်။ အမှန်တကယ်က ယုနွယ်ဟာ ပွေပွေရှုပ်ရှုပ်မိန်းမတစ်ယော
``သြော် ဒါကြောင့်တပည့်တော်က တခါတလေသူတောဖက်ကထွက်ထွက်လာတ
``သူကိုယ်ဝန်ရတာ ဘယ်သူ့လက်ချက်မှန်းမဖော်တတ်
``ဘုရား ဘုရား ကြောက်ဖို့ကောင်းလိုက်တာ --------´´
``ဆရာတော်လဲ ရှေ့နေနဲ့တိုင်ပင်ပြီးပါပြီ
``တင်ပါ တပည့်တော် ဖော်မပြနိုင်အောင်ဝမ်းသာမိပ
--------------------------
အမှုကိစ္စတွေပြီးပြတ်သွားတော့
``ဦးမြ ဆရာတော် ရန်ကုန်သွားတော့မယ်´´
``ဘုရား ဆရာတော်ကျောင်းမှာမနေတော့ဘူ
``မနေတော့ပါဘူး ဆရာတော်ဒီအရပ်ဒီဒေသကိုလဲ စိတ်နာမိတယ်။ ခုချိန်ထိ ဆရာတော်အမှန်အတိုင်းလွတ်မြေ
``ဆရာတော်မရှိမှတော့ တပည့်တော်လည်း မနေပါဘူးဘုရား တပည့်တော်လည်း ရွာပြန်တော့မှာပါဘုရား´´
ဆရာတော်ကိုဦးချကန်တော့လိုက
ဆရာတော်အမြဲအမှတ်ရ သာဓုခေါ်နေပါ့မယ်´´
ဆရာတော်ထွက်သွားရာ ကျောပြင်ကိုငေးကြည့်ရင်း ရွာပြန်ဖို့စီစဉ်ရပါတော့မယ်
--------------------------
အချိန်တွေ နှစ်တွေ လတွေ ရက်တွေ ပြောင်းလာခဲ့တော့ တချိန်က ရှမ်းတောင်တန်းကြားထဲမှာ နေခဲ့ဖူးတဲ့ပုံရိပ်လေးကိုသတ
(ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်သေ
အညတြဘိက္ခု
ခိုးမှု
"ဟဲ့ကောင်တွေ ထစမ်း ထစမ်း"
"စောစောစီးစီး ဒီဘုန်းကြီးက အိပ်ကောင်းနေပါတယ်ဆို"
"ဒီကျောင်းသား ပြန်ပြောနေ ငါရိုက်လိုက်ရ အကုန်ထစမ်း"
ပါးစပ်ကလဲပြော လက်ကလဲကြမ်းပေါ် ကြိမ်လုံးနဲ့ တဖြန်းဖြန်းရိုက်နေတော့ အိပ်နေတဲ့ဘုန်းကြီးကျောင်းသ
"ဟဲ့ကောင်တွေ မင်းတို့လုပ်စရာရှိတာနောက်မ
"တင်ပါ မေးပါဘုရား"
"အာရုံဆွမ်းပွဲပြင်ဖို့ မနေ့နေ့လည်က ကြောင်အိမ်ထဲ ထည့်သိမ်းထားတဲ့ ဝက်သားဟင်းခွက် ဘယ်ကောင်ယူစားလဲ"
"တပည့်တော်မစားပါဘုရား"
"တပည့်တော်လဲ စားပါဘူးဘုရား"
"No"
"စိတ်တောင်မဝင်စားဘူး"
"ဟဲ့ကောင်တွေ မေးတုန်းမှန်မှန်ဖြေနော် မိလို့တော့ သေအောင်ရိုက်ပြီသာမှတ်"
"မိရင်ရိုက်ပါဘုရား တကယ်မစားပါဘုရား"
"အကုန်ထတော့ ထပြီးဆွမ်းပွဲပြင် သန့်ရှင်းရေးလုပ်"
"တင်ပါ့ဘုရား"
ဆွမ်းစားကျောင်းကိုတာဝန်ယူတ
ခါတိုင်း ကျောင်းသားတွေကိုရင်တွေကို အိပ်ယာနိုးတဲ့အသံလောက်သာကြာ
နေ့တစ်နေ့တာ မနက်ဘုရားဝတ်ပြု အာရုံဆွမ်းစား သန့်ရှင်းရေးလုပ် နေ့ဆွမ်းအတွက်ဆွမ်းခံ ဆွမ်းခံပြန်လာရင် ရေချိုးသင်္ကန်းလျှော် နေ့ဆွမ်းစား ဆွမ်းခွက်တွေသန့်ရှင်းရေးလု
ဒီဦးဇင်းတွေ ဒီကိုရင်တွေ ဒီကျောင်းသားတွေနဲ့နေ့စဉ်ကေ
ဆွမ်းပွဲမှာ အသားဟင်းမပါတော့လဲ ပေါင်းထားတဲ့ ဟင်းပေါင်းလေးရယ် ငရုတ်သီးခွက်လေးရယ် ကိုယ်တော်တွေမျှတပြီး ဘုန်းပေးကြပေါ့။ ဟင်းပေါင်းဆိုတာက နေ့ဆွမ်းဘုန်းပေးပြီး အထားခံမယ့်ဟင်းကို အာရုံဆွမ်းအတွက်ချန် ကျန်တဲ့ဟင်းတွေကိုအိုးတစ်လံ
ဖြစ်တော့မဖြစ်နိုင်ပါဘူး။ သူတို့ခမျာ ကျောင်းကိုပန်းကန်ခွက်ယောက်
--------------------------
နေ့ဆွမ်းစားပြီး တရေးတမောခဏမှေးဦးမယ်ရှိတုန
``ဦးဇင်း ထပါဦးဘုရား´´
``အကုန်လုံးသိမ်းဆည်းပြီးပြ
``ဦးဇင်းမနက်အတွက်သိမ်းထား
``ဟေ´´ အိပ်ချင်နေတဲ့မျက်လုံးတောင်
``ခေါ်စမ်း ကျောင်းသားတွေ ကိုရင်တွေအကုန်လုံး ဒီခေါ်လာ´´
``တင်ပါဘုရား´´
ကျောင်းသားအခန်းအပြင်ဘက်ထွက
``အားလုံးဒီမှာ တန်းစီပြီးထိုင် ´´
ကျောင်းသားကငါးယောက် ကိုရင်ကသုံးပါး။ တန်းစီထိုင်ခိုင်းပြီးတော့
``ဦးဇင်းတွေက ဆွမ်းဘုန်းပေးပြီးဆွမ်းစားေ
``ဘာမှပါသွားတာမတွေ့ပါဘူးဘု
``ဒါဆိုရင် မင်းတို့ရှစ်ယောက်ရယ် ငါရယ်ဆိုတော့ ဒီကိုးယောက်ထဲမှာပဲ တရားခံကရှိနေတာပေါ့ဟုတ်လား´
``မှန်ပါ တပည့်တော်တို့ရှစ်ယောက်တော့
``ဟင် မင်းတို့ရှစ်ယောက်က မဖြစ်နိုင်ဘူးဆိုတော့ ငါကသူခိုးပေါ့ အဲ့လိုလား´´
``အဲ့လိုလဲ မဆိုလိုရဲပါဘူးဘုရား´´
ကျောင်းသားတစ်ယောက်က ``မဟော်သဓာလို တရားစီရင်ပေါ့ဘုရား´´
``အောင်မယ် ကြီးကြီးကျယ်ကျယ်နဲ့ ပြောပါဦး´´
``မဟော်သဓာနွားခိုးမှုစီရင်တ
``အင်း ဆက်ပြောပါဦး´´
``ဒါနဲ့ ပိုင်ရှင်ကိုမေးတော့ မြက်ကိုသာကျွေးပါတယ်လို့ဆို
``ရိပ်မိလာပြီ ဆက်ပြော´´
``နွားဝမ်းသွားတော့ မစင်ကိုကြည့်တဲ့အချိန်ကျမှ မြက်တွေသာတွေ့ရတဲ့အတွက်ကြော
``အဲ့ဒီတော့ ငါက မင်းတို့ကိုဝမ်းနှုတ်ဆေးတိုက
``မကောင်းဘူးပေါ့ဘုရား´´
``အေး မကောင်းဘူး သွားကြတော့ ငါလိုက်ချောင်းမှာနော် မိလို့တော့ အသေပဲ´´
``တင်ပါ ချောင်းပါဘုရား တပည့်တော်တို့က အဲ့လိုမခိုးစားဝံ့ကြောင်းပါ
ကျောင်းသားတွေကို ကိုရင်တွေထွက်သွားတော့ ဒီကိစ္စနေ့စဉ်ဒီတိုင်းဖြစ်နေ
--------------------------
နောက်တစ်နေ့ နေ့ဆွမ်းစားပြီး ခါတိုင်းလို ချန်ထားလို့ရမယ့်ဟင်းကို ဗီရိုထဲထည့်သိမ်းလိုက်တယ်။ ကျန်တဲ့ဟင်းတွေအကုန်စုပေါင်
``ဦးဇင်း ဆရာတော်ခေါ်နေတယ်ဘုရား´´
``တင်ပါ သွားလိုက်ပါ့မယ်ဘုရား´´
ဦးဇင်းတစ်ပါးလှမ်းအော်ပြော
``ဟင် ပြောင်သွားပြန်ပြီ´´
ဆရာတော်နားသွားလိုက်တာမှ မိနစ်ပိုင်းကလေး
``ကျောင်းသားတစ်ယောက်လောက်လ
``တင်ပါပြောပါဘုရား´´
``ခုလေးတင် ဒီနားဘယ်သူလာသွားလဲ´´
``စောနကတော့ အောက်ကဆေးပြီးသားပန်းကန်ခွက
``ဒါဆို ဒီနားကို အကုန်လုံး လာကြတယ်ပေါ့´´
``တင်ပါ ခါတိုင်းလိုပဲလာကြတာပဲဘုရား
``ဒေါ်ထွေးကောပြန်ပြီလား´´
``မပြန်သေးဘူးဘုရား´´
``ဒါဆိုအကုန်လုံးအောက်မှာပဲ
ပန်းကန်ခွက်ယောက်တွေဆေးတဲ့ေ
ကျောင်းသားတစ်ယောက်က ထထွက်သွားမယ့်ပုံလုပ်နေလို့
ဒေါ်ထွေးသား မျောက်လောင်းလေးက တုတ်တချောင်းနဲ့ သူ့အမေ၀က်စာပုံးထဲထိုးဆော့မ
``ဟဲ့ အဲ့ထဲမထိုးနဲ့´´
ဝက်စာပုံးထဲတုတ်ထိုးထည့်တော
``၀က်စာပုံးထဲ တုတ်တစ်ချောင်းနဲ့ ထိုးမွှေကြည့်စမ်း´´ ကျောင်းသားလည်း တုတ်တစ်ချောင်းရှာ ၀က်စာပုံးထဲကိုတုတ်နဲ့ စွပ်ကနဲထိုးလိုက်တော့ ၀က်စာထည့်ထားတဲ့အရည်ကြည်အပေ
``ပုံးတစ်ခုလုံးသွန်ချလိုက်
ဒေါ်ထွေးမျက်နှာကိုကြည့်လိုက
``တပည့်တော်ကိုခွင့်လွှတ်ပါဘ
သနားစရာဒေါ်ထွေးပါလား။ သနားရကျိုးမနပ်တဲ့ဒေါ်ထွေးပါ
လင်ယောကျာ်းလုပ်စာနဲ့စုမိအေ
``ဒေါ်ထွေးအပြစ်ကို ဒေါ်ထွေးသိတယ်မဟုတ်လား´´
``မှန်ပါသိပါတယ်ဘုရား၊ တပည့်တော်နောက်မဖြစ်စေရပါဘူ
``နောက်မဖြစ်စေရပါဘူးဆိုတာေ
``တင်ပါ နောက် ဘယ်တော့မှမလာတော့ပါဘူးဘုရား
ဦးချကန်တော့ပြီး သူ့ရဲ့ဝက်စာပုံးခွံကိုယူ ကလေးကိုခါးမှာခွင်ပြီး ကျောင်းဝင်းထဲမှထွက်ခွါသွား
သူမလို့သံဃာတွေကိုငဲ့ညှာမှုမ
ဒဒ္ဓလိဒ္ဓေါ ကပဏော ဧကော၊
ဝိရူပေါ ဗဟုပ္ပဒ္ဒဝေါ။
နိစကုလေသု ဇာယန္တိ၊
အဒိန္နာ ဒါနဿ ဒေါသကာ။
ယေ-အကြင်သူတို့သည်။ ပရသန္တကံ- သူတစ်ပါးတို့ဥစ္စာကို။ အာဒိယန္တိ-ခိုးယူကုန်၏။ တေ-ထိုသူတို့သည်။ အပါယမုတ္တာနိ-အပါယ်လေးဘုံမှ လွတ်ကုန်သည်ဖြစ်၍။ မနုေဿသု-လူ့ဘုံတို့၌။ ဇာတေသုပိ- ဖြစ်ကုန်သော်လည်း။ သတက္ခတ္တုံ-အရာမကအကြိမ်များလှ
သူတစ်ပါးဥစ္စာကို ခိုးယူသည့်သူသည် အပါယ်လေးဘုံမှာကျရောက်ရတတ်တ
(ဖြစ်ရပ်မှန်အကြောင်းအရာတစ်
အညတြဘိက္ခု
12.9.2017
အရိယာဥပုသ် နှင့် ဂေါပါလကဥပုသ်
ဒီနေ့က တော်သလင်းလပြည့်နေ့ အလုပ်နားရက်လည်းဖြစ်ပြန်ဆို
ခါတိုင်းအိမ်မှာ ငါးပါးသီလဆောက်တည်ဖြစ်ပေမယ့
အကောင်းဆုံးက ကျောင်းမှာပဲ သီလယူပြီးဆိတ်ငြိမ်ရာမှာ တစ်ယောက်တည်း ဗုဒ္ဓါနုဿတိပဲပွားပွား မေတ္တာဘာဝနာပဲပွားပွား အသင့်လျော်ဆုံးဖြစ်တာမို့ မိမိနဲ့သင့်လျော်ရာ ကျောင်းတခုခုကိုရွေးချယ်ပြီ
ရပ်ကွက်မှာ ဘုန်းကြီးကျောင်းက သုံးကျောင်းရှိပေမယ့် ဆိတ်ငြိမ်ပြီးရပ်ကွက်အစွန်ဘ
အရိပ်ရပင်တွေလည်းပေါများ ကျောင်းဆောင်တွေလည်းပေါများ
အဆောင်ထဲရောက်တော့ နံရံမှာထောင်ထားတဲ့ တံမြက်စည်းကိုယူလို့ အမှိုက်လှည်းဖျာခင်းပြီး အဆောင်ထဲစံပ္ပါယ်နေတဲ့ဘုရားက
``လာကြ လာကြ ဒီထဲဘယ်သူမှ မရှိဘူး ဥပုသ်သည် တစ်ယောက်ပဲရှိတယ်´´
အသံနဲ့အတူ ယောဂီဝတ် မိန်းမသုံးယောက် အသက် ၁၂နှစ်အရွယ်ခန့်ရှိမယ့် ကလေးမလေးတစ်ယောက် ၀င်လာတယ်။ သူတို့မှာပါလာတဲ့ ဖျာကို ကျွန်တော်နဲ့ခပ်လှမ်းလှမ်းမ
``ဥပုသ်လာစောင့်တာထင်တယ်´´
``ဟုတ်ပါတယ်ဗျ´´
နှုတ်ဆက်ပြီးတော့ မိန်းမကြီးက လက်ဆွဲခြင်းထဲပါလာတဲ့ လေးဆင့်ချိုင့်ကိုထုတ်တယ်။ ချိုင့်အဆင့်တွေဖြည်ချပြီး ဖျာရဲ့အလယ်မှာ ခင်းလိုက်တယ်။ ခင်းပြီးတော့ သူနဲ့ပါလာတဲ့အဖော်တွေကို ခေါ်လိုက်ပြီး
``၁၂နာရီ မထိုးခင် လာစားကြ၊ အိမ်မှာ ကောင်းပေ့ဆိုတာချည်း ထည့်လာတာ´´။
ကျွန်တော့် ဘက်ကိုလည်းလှည့်ပြီး
``စားပါဦးလား၊ လ္ဘက်သုတ် အရမ်းကောင်းတယ်´´၊ ကျွန်တော်ကလည်း ``တော်ပါပြီ အန်တီ၊ စားပါဗျာ´´
``မိစု နင့်မောင်လေးတွေကော ခေါ်လိုက်လေ´´ မိန်းမကြီးက ပါလာတဲ့ ၁၂နှစ်အရွယ်ကလေးမလေးကို လှမ်းပြောလိုက်တယ်။
မိစုဆိုတဲ့ကလေးမလေးကလည်း ``ဟုတ်ကဲ့ အန်တီ´´ဆိုပြီး ကျောင်းဆောင်အပေါက်ဝကနေလှမ်
ဒါနဲ့စာအုပ်ကိုပြန်အာရုံစို
``ဒုန်း .. .. . .. ´´
နတ်ပင့်တုန်းရှိသေး ကျွန်တော့ခေါင်းပေါ်ကျော်ပြီ
``ဟဲ့ကောင် လာစမ်း လာစမ်း ´´ဆိုပြီး မိန်းမကြီးက ကလေးကိုခေါ် ``ဒေါက် ဒေါက် ဒေါက် ´´ဆိုတဲ့ခေါင်းကို ခေါက်လိုက်တဲ့ အသံနဲ့အတူ ကလေးရဲ့ ``ဗြဲ´´ဆိုတဲ့အသံကောဆူညံသွာ
``ဟဲ့ စားစရာရှိတာမြန်မြန်စားပြီး
ကလေးတွေထွက်သွားတော့မှ မိန်းမကြီးဟာ အဖော်ပါလာတဲ့ ဥပုသ်သည်အဖော်တွေကို သူ့သားတွေဘယ်လိုဆိုးကြောင်း
အိမ်မှာကူဖော်လောင်ဖက်ခေါ်ထာ
ရပ်ကွက်ထဲက ဘယ်သူကဘယ်လို၊ နိုင်ငံခြားမှာစီးပွားရှာနေ
ဦးဇင်းက ဘာတစ်ခွန်းမှမမိန့်ပဲ ဘုရားကျောင်းဆောင်ပေါ်က ဘုရားပန်းအိုးတွေယူပြီး ကျောင်းပေါ်ကပြန်ထွက်သွားတယ်
ဦးဇင်းထွက်သွားလေတော့ မိန်းမကြီးက သူ့အဖော်တွေကို ``ဟဲ့ အဲ့ဦးဇင်းရဲ့ ညီမ သတင်းကြားပြီးပြီလား´´ စသဖြင့် ဦးဇင်းရဲ့ညီမ အကြွေးပတ်လည်ဝိုင်းနေတဲ့အြေ
ကျွန်တော်လည်း ဒီမိန်းမကြီး ဒီလောက်လူတကာအတင်းပြောနေတာ င့ါအကြောင်းများသိနေရင်တော့
``လူတွေအကြောင်းပြောနေတာ အကုသိုလ်များလှပါတယ်။ ကုသိုလ်ဖြစ်စရာလေး ပြောပြမယ်´´
အင်း ကောင်းတယ် တော်သေးတာပေါ့။ မိန်းမကြီးကဆက်ပြောတယ်။
``ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀လောက်က တောမှာ ငါ့ဦးလေးတစ်ယောက်ရှိတယ်။ ဦးလေးက လူ့ဘောင်လူ့လောကကို စိတ်ကုန်လာတော့ ရဟန်းဘ၀ကိုခံယူပြီးသာသနာ့ဘေ
``သွားရှာတော့ တွေ့လားဟယ်´´ ဘေးက အမျိုးသမီးတစ်ယောက် က စိတ်ဝင်တစားလှမ်းမေးတယ်။
``အင်း သွားရှာတော့ တောထဲမှာ လှိုဏ်ဂူကြီးတစ်ခုထဲမှာ ဦးလေးရဟန်းကိုသွားတွေ့တယ်။
``ဟယ်´´ ဘေးက အမျိုးသမီးနှစ်ယောက် တအံ့တသြ။
သူ့စကားစိတ်ဝင်တစားနားထောင်
``ငါ့ဦးလေးက နိဗ္ဗာန်ကိုရပြီဆိုတော့ သူနောက်ကိုလိုက်လာတဲ့ သူ့အဖေအမေကို အရမ်းသနားတာတဲ့။ ဒါကြောင့် သူရတဲ့နိဗ္ဗာန်ကို သူမယူတော့ပဲ သူ့အမေကို ပေးလိုက်ပါလေရော´´
``ဟာ . . . တော်လိုက်တဲ့ ဦးဇင်းကြီးကြည်ညိုစရာကောင်
``သူရတဲ့ နိဗ္ဗာန်ကတစ်ခုပဲလေ နောက်တစ်ခုထပ်ရအောင်သူကြိုး
ကျွန်တော်လဲ ``အံ့သြပါ့´´လို့ အသံထွက်သွားမိတယ်။ မိန်းမကြီးက သူ့ထောက်ခံတယ်ထင်လားမသိဘူး ဆက်ပြောနေတုန်း။ နားမထောင်နိုင်တော့တာနဲ့ပါလ
``ဆရာတော်ဘုရား´´
``ပြောပါဒကာတော်´´
``တပည့်တော်ကို ဥပုသ်သည်အကြောင်းရှင်းပြပေး
``ဒကာတော်သိချင်ရင် ပြောပြရတာပေါ့။ အင်္ဂုတ္တိုရ် ဥပေါသထသုတ်မှာပါရှိတဲ့ ဥပုသ်စောင့်နည်းသုံးမျိုးဆိ
``တင်ပါဘုရား´´
``တစ်က ဂေါပါလကဥပုသ်၊ နှစ်က နိဂဏ္ဍဥပုသ်၊ သုံးက အရိယာဥပုသ်ဆိုပြီး သုံးမျိုးရှိတယ်ကွဲ့။´´
``တင်ပါ အကျယ်ရှင်းပြတော်မူပါဘုရား´
``ဂေါပါလကဥပုသ်ဆိုတာ ဂေါပါလက=နွားကျောင်းသား နွားကျောင်းတာနဲ့တူသလိုစောင
``နံပါတ်တစ်တော့ရှင်းပါပြီဘ
``နိဂဏ္ဌဥပုသ်ဆိုတာကတော့ တိတ္ထိညွှန်ကြားတဲ့အတိုင်း စောင့်ထိန်းတဲ့သီလမျိုးကို နိဂဏ္ဍဥပုသ်လို့ဆိုတာပေါ့။ နိဂဏ္ဌတက္ကတွန်းတွေဟာ သူ့တပည့်တွေကို အရပ်လေးမျက်နှာ ယူဇနာတစ်ရာအပြင်ဘက်တွင်ရှိေ
``တင်ပါ´´
``အရိယာဥပုသ်ကျတော့
၁။ ဗြဟ္မဥပုသ်
၂။ ဓမ္မဥပုသ်
၃။ သံဃ့ဥပုသ်
၎။ သီလဥပုသ်
၅။ ဒေ၀တာဥပုသ်ဆိုပြီး ငါးမျိုးရှိတယ်။
ဗြဟ္မဥပုသ်ဆိုတာက ဗုဒ္ဓဂုဏ်တော်ကိုပွားများဆင်
ဓမ္မဥပုသ်ဆိုတာက တရားဂုဏ်တော်ကိုပွားများဆင်
သံဃဥပုသ်ဆိုတာက သံဃာ့ဂုဏ်တော်များကိုပွားမျ
သီလဥပုသ်ဆိုတာက မိမိစောင့်ထိန်းရမယ့်သီလကို
ဒေ၀တာဥပုသ်ဆိုတာက သဒ္ဓါသီလစတဲ့တရားတွေကိုဆင်ခြ
``တင်ပါ တပည့်တော်ဥပုသ်ကိုဘယ်လိုရွေ
``အင်း ဘာများလဲ လျှောက်ပါဦး´´
``တပည့်တော် ဒီနေ့ဥပုသ်သီလယူရင်းတွေ့ရတဲ
``တင်ပါ ဆုံးမတော်မူပါဦးဘုရား´´
``လောလောဆယ် ဆုံးမလို့တော့ မသင့်လျော်သေးဘူးဒါယကာ´´
``ဘုရား ဘာကြောင့်ပါလဲဘုရား´´
``အင်း ဒကာတော်လဲစဉ်းစားကြည့်လေ။ ခုခေတ်မှာ ကျောင်းတိုက်တွေကပေါများနေတ
``တင်ပါ . . . . . . ´´
``ဘုန်းဘုန်း ဖြေးဖြေးချင်း ပြောဆိုဆုံးမမှာပေါ့။ အမြဲတွေ့ကြရတာလဲမဟုတ်တော့ သည်းခံလက်စနဲ့သည်းခံပါဦး ဒါယကာ´´
``တင်ပါဘုရား တပည့်တော်နားလည်ပါပြီဘုရား´
``အိမ်းကွယ် သာဓု သာဓု သာဓု´´
ဆရာတော်ကို ရှိခိုးဦးချကန်တော့ပြီး အိမ်ပြန်လမ်းသို့ခြေဦးလှည့
အညတြဘိက္ခု
Subscribe to:
Comments (Atom)
ဗောဓိပင်တံမြက်စည်းလှည်းရခြင်းအကျိုး
တပေါင်းနွေနဲ့အတူ လေပြင်းတချက်တချက်တိုက်ခတ်နေသည်။ လေအဝေ့တွင် လေနှင့်အတူမျောလွင့်လာသော သစ်ရွက်သစ်ခတ် ဖုန်မှုန့်များသည် ကြီးမားသောညောင်ပင်ကြီ...
-
ကောသလတိုင်း ကောသလမင်းကြီးအုပ်ချုပ်သည့် တိုင်းနိုင်ငံ ထူဏအမည်ရှိသောပုဏ္ဏားရွာသည် မြစ်ကမ်းနဘေးတွင်တည်ရှိပြီး ဂျုံစိုက်ပျိုးခြင်း၊ နွားမွေြး...






